ဓမ္မစေတီခေါင်းလောင်းကြီး သင်္ဘောပေါ်ဆွဲတင်ရန်သာ လိုတော့သည်ဟု ရှာဖွေရေးအဖွဲ့ဆို


ဓမ္မစေတီ ခေါင်းလောင်းအား ဆယ်ယူရန်သံမဏိကြိုးများဖြင့်ချည် နှောင်ထားပြီးသင်္ဘောပေါ်သို့ဆွဲတင်ရန် သာလိုတော့သည်ဟု သြဂုတ်လ ၂၆ ရက်က ရှာဖွေရေးအဖွဲ့ခေါင်းဆောင် ဦးစံလင်းနှင့်တယ်လီဖုန်းအ ဆက်အသွယ်ရခဲ့သည့်မွန်စာပေနှင့်ယဉ်ကျေးမှု ကော် မတီမှအဖွဲ့ဝင်ဦးနိုင်မင်းအောင်က ပြော သည်။

ထို့ပြင် ပထမအကြိမ် ဓမ္မစေတီ ခေါင်းလောင်းရှာဖွေရေးကို ၁၈ ရက်အ ထိသာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ က ခွင့်ပြုထားသော်လည်း ယနေ့တွင် ရက်ပြည့် သွားသည့် အတွက် ထပ်မံ၍ ရက်ပေါင်း ၁၇ ရက် တိုးမြှင့်တောင်းခံ ထားကြောင်း ပြန်ကြားရေးတာဝန်ခံ ဦးကြည်ဝင်းက ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေ ရေးလုပ်ငန်းခွင်အနီးသို့ ယခင်က စက် လှေဖြင့် သွားရောက်ကြည့်ရှုပါက သင်္ဘောအနားထိကပ်ခွင့်ပေးထားသော် လည်း နောက်ဆုံးနေ့ တွင် ဘေးကင်း လုံခြုံစေရေးအတွက် လှေသ မားများကို ဆိပ်ကမ်းရဲတပ်ဖွဲ့နှင့် ဆိပ်ကမ်းအာဏာပိုင်များက ရှာဖွေရေးသင်္ဘောနှင့် ၁ဝ ပေ အကွာအဝေး မှသာ ကြည့်ရှုခွင့် ပေးထားသည်။

အဆိုပါနေ့တွင် မိုးများသည်းထန် စွာ ရွာသွန်းခဲ့ပြီး ဒီရေတက်လာမှုရှိသဖြင့် လှေများအား ကမ်းမှထွက်ခွာခွင့် မပြု ဘဲ တားမြစ်ခဲ့ကြောင်း သိရသည်။

မိုးတိတ်ချိန်တွင် လှေငယ်များမှာ လူဦးရေ ၄ ယောက်သာ တင်ခွင့်ပြုပြီး လှေကြီးများကို ၈ ယောက်အထိ တင် ဆောင်ခွင့်ပေးထားကြောင်း ဆိပ်ကမ်း အာဏာပိုင်များထံမှ သိရသည်။

နေ့လယ်ပိုင်းတွင် လှေစီးခနှုန်းမှာ တစ်ဦးလျှင် ၅ဝဝ ကျပ် သာတောင်းခံ သော်လည်းညပိုင်းတွင် လှေစီးခ နှုန်းမှာ လှေတစ်စီး လုံးငှားလျှင် ၅ဝဝဝ ကျပ် အထိဈေးနှုန်းတက် သွားခဲ့သည်။”ညပိုင်း စက်လှေမောင်းရ တာအရမ်းအန္တရာယ်များလို့ ပိုက်ဆံပိုတောင်း တာပါ။

လာရောက်ကြည့်ရှုသူတွေက လည်း ညအချိန်ကို သွားချင်ကြတယ်။ အပြင်မှာလည်း ခေါင်းလောင်းကြီး ဒီည ဆယ်မယ်လို့ သတင်းထွက်နေတာလည်း ပါလိမ့်မယ်ထင်တယ်”ဟုစက်လှေ မောင်းသူတစ်ဦးက ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှု နှင့်ပတ်သက်၍ ယနေ့ညနေ ၆ နာရီ တွင် မီဒီယာများအားသတင်းထုတ်ပြန် မည်ဟုဦးစံလင်းက ပြောကြားထားသည့် အတွက် မီဒီ ယာနှင့် ပြည်သူများ စိတ် ဝင်တစား စောင့်ကြည့်နေ ကြသော်လည်း လက်ရှိအခြေအနေကိုသတင်းထုတ်ပြန် ပေးခြင်း မရှိပေ။

ညပိုင်းအချိန်တွင် ဓမ္မ စေတီခေါင်းလောင်း ရှာဖွေရေးအဖွဲ့က ရှာဖွေမှုကို ရပ်နားထားပြီးသင်္ဘော ပေါ် ရှိ ဘုရာခန်းတွင် ဦးစံလင်းဦးဆောင်၍ အဓိဌာန်ကာ ဝတ်ပြုဆုတောင်းမှုများပြု လုပ်ခဲ့ကြောင်း သိရသည်။

ထွဋ်မြတ်၊ အောင်ဇော်ထူး | Popular News Weekly

မှတ်ချက်များ