ဇောတိက ဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့များ ထိုင်းနိုင်ငံသို့ စတင်ပို့လွှတ်


ထိုင်းနိုင်ငံ PTTE Exploration and Production Plc ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း နှင့် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) က ၂၀ ရာခိုင်နှုန်း အကျိုးခံစားခွင့်ဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ဇော တိက သဘာဝဓာတ်ငွေ့သိုက်မှ ဓာတ်ငွေ့များကို သြဂုတ် ၇ ရက်က ထိုင်းနိုင်ငံ သို့ စတင်ပို့လွှတ် လိုက် ကြောင်း သိရသည်။

ယခုအခါ ဇောတိကမှ ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့ပို့လွှတ်မှုမှာ တစ်နေ့လျှင် ကုဗပေ သန်း ၂၄၀ အထိရှိ ကြောင်း PTTEP က ထုတ်ပြန်လိုက်သည်။ အဆိုပါ ဓာတ်ငွေ့သိုက်မှ မြန်မာနိုင်ငံအတွင်း သုံးစွဲရန် ၂၀၁၄ ခုနှစ် ၊ မတ် လ မှစတင်၍ တစ်နေ့လျှင် ဓာတ်ငွေ့ကုဗပေ သန်း ၆၀ ခန့် ဖြန့်ဖြူးခဲ့ကြောင်း သိရသည်။

ဇောတိကဓာတ်ငွေ့စီမံကိန်းသည် PTTEP ၏ အကြီးဆုံး နိုင်ငံခြားကမ်းလွန် စီမံကိန်းဖြစ်ပြီး ထိုင်းနှင့် မြန် မာနိုင်ငံတို့၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

The Nation

မှတ်ချက်များ