မြန်မာ့လေကြောင်းလိုင်းကို နာမည်ပြောင်းပြီး ပြည်ပ ပြေးဆွဲမည်

လက်ရှိ ပြည်တွင်းခရီးစဉ်တွေ ပြေးဆွဲနေတဲ့ မြန် မာ့လေ
ကြောင်းလိုင်း (အမ်အေ)ဟာ လာမယ့် ၂၀၁၅ နှစ်ဆန်းပိုင်း ကျရင် မြန်မာအမျိုး သားလေကြောင်းလိုင်း (Myanmar National Airline) အဖြစ် နာမည်ပြောင်းပြီး ပြည်ပခရီးစဉ်
တွေ ပြေးဆွဲသွားတော့မယ်လို့ မြန်မာ့လေကြောင်း တာဝန် ရှိသူတဦးက အတည်ပြုပြောဆိုပါတယ်။

နာမည်ပြောင်းပြီး နိုင်ငံတကာလေကြောင်းအဖြစ် ပြေးဆွဲ တဲ့ အခါ အစိုးရဘဏ္ဍာငွေ သုံးစွဲတော့မှာ မဟုတ်ပဲ ပုဂ္ဂလိကအဖွဲ့အစည်းတရပ်အဖြစ် ဖွဲ့စည်းပြီး ပြည်ပ ကုမ္ပ ဏီ တခုခုနဲ့ ပူးပေါင်း လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

ဒီအတွက် သိပ်မကြာသေးခင် ကာလကပဲ အမေရိကန်အခြေစိုက် ဂျီအီးကုမ္ပဏီကနေ ၆ နှစ်အတွင်း ဘိုး အင်းလေ ယာဉ် ၁၀ စင်း ငှားရမ်းဖို့ စာချုပ်ချုပ်ထားပြီးပြီလို့ သူက ရှင်းပြပါတယ်။

DVB

မှတ်ချက်များ