ဦးဆန်းဆင့်အမှုအတွက် တရားလိုပြသက်သေအဖြစ် ဒုဝန်ကြီးနှစ်ဦးနှင့် ညွှန်ချုပ်တစ်ဦးကို ထပ်ခေါ်မည်
ဦးဆန်းဆင့်အမှု အမှန်တရားပေါ်ပေါက်ရေးအတွက် တရားလိုပြ ရုံးခေါ် သက်သေအဖြစ် ဒုဝန်ကြီးနှစ်ဦးနှင့်
ညွှန် ချုပ်တစ်ဦး တို့ကို ထပ်မံခေါ်ယူရန် တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ရုံးခေါ်သက်သေအဖြစ် ခေါ်ယူသော လူသုံးဦးမှာ ပြန်ကြားရေး ဒုဝန်ကြီး၊ နိုင်ငံခြားရေးဒုဝန်ကြီးနှင့် သမ္မတ ရုံးမှ ဒုညွှန်ချုပ်တို့ဖြစ်ကြောင်း ဦးဆန်းဆင့်ရှေ့နေဖြစ်သူ ဦးတင်ထွန်းက ပြောသည်။
(၁၁)ကြိမ်မြောက် ရုံးချိန်းတွင် အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အထက်ပါရုံးချိန်းတွင် သာသ နာရေးဝန်ကြီး ဦးဆန်းဆင့်သည် ‘‘အားလုံးနေကောင်းကြရဲ့လား’’ဟုဆိုကာ အသံတိုးတိုးလေးဖြင့် မေး သွားခဲ့သည်။
လက်ရှိတွင် ဦးဆန်းဆင့်သည် ကျန်းမာရေးချို့ယွင်းနေပြီး မန္တလေးတိုင်းဒေသကြီး တရားရုံးသို့ ကျန်းမာရေး အဓိကထား၍ လျှောက်ထားသော အာမခံကို စက်တင်ဘာ ၈ ရက်တွင် သွားရောက်လျှောက်ထားမည်ဖြစ်
ကြောင်း သတင်းရရှိသည်။
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား အလွဲသုံးစားမှု (ပုဒ်မ ၄၀၉)နှင့် နိုင်ငံတော်အကြည်ညိုပျက်
စေမှု (ပုဒ်မ၁၂၄ (က)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
(၁၀) ကြိမ်မြောက် ရုံးချိန်းစစ်ဆေးမေးမြန်းစဉ်က သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် အသက် ရှုကျပ်လာသောကြောင့် ဆရာဝန်များနှင့် အရေးပေါ် ကုသခဲ့ရပြီး စစ်ဆေးမှုများရပ်ဆိုင်းခဲ့ရသည်။
7day
မှတ်ချက်များ