၂၀၁၃ ခုနှစ် မြန်မာနေ ရှင်နယ်လိဂ် အမှတ်ပေးဖလား ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးနှင့် တစ်နှစ်တာအ
ကောင်း ဆုံးကစား သမားဆုကို ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ဘရာဇီး နိုင်ငံသား ဆီဇာက ဆွတ် ခူးရရှိခဲ့သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်က ၂၀၁၃ ခုနှစ် မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်း အနားကို ဩဂုတ် ၂၆ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း အတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ဘရာဇီးနိုင်ငံသား ဆီဇာ က အကောင်းဆုံး ကစားသမားဆုနှင့် ဂိုးသွင်းအများဆုံး ဆုရရှိခဲ့သည်။ အကောင်းဆုံးဘောလုံးသမား ဒုတိ ယဆုကို ရတနာပုံအသင်း နောက်ခံလူ ဇော်မင်းထွန်း၊ တတိယဆုကို ဧရာဝတီအသင်း ကွင်းလယ်ကစား သမား နန္ဒလင်းကျော်ချစ်က ရရှိခဲ့သည်။
မြန်မာနေရှင်လိဂ်ပြိုင်ပွဲတွင် အကောင်းဆုံး လူငယ်ကစားသမားဆု ချီးမြှင့်ရာတွင် နေပြည်တော်ကစားသ မားအောင်ကျော်နိုင်ကရရှိခဲ့ပြီး ဒုတိယဆုကို မကွေးအသင်းနှင့် ယူ-၁၉ လက်ရွေးစင် အသင်းခေါင်းဆောင် နန္ဒ ကျော်၊ တတိယဆုကို ရန်ကုန်ယူနိုက်တက် ကစားသမားကောင်း ဆက်နိုင်တို့က အသီးသီးဆွတ်ခူး ရရှိ ခဲ့သည်။ ထို့အပြင် လူငယ် အမှတ်ပေးဖလား ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဆုကို ရတနာပုံ အသင်းမှ ဇင်မင်း ထွန်းကရရှိခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ပထမတန်း ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဆု ကို ချင်းယူနိုက် တက်မှ မာတူနာ က ရရှိခဲ့သည်။
၂၀၁၃ ခုနှစ် လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းအား ဆုဖလားနှင့်အတူ ဆုကြေးငွေ ကျပ်သိန်း ၁,၀၀၀ ၊ ဒုတိယရရှိ သည့်နေပြည်တော်အသင်းအား ဆုကြေးငွေ ကျပ်သိန်း ၇၅၀ နှင့် တတိယ၊ စတုတ္ထနှင့် ပဉ္စမရရှိခဲ့ သည့် ကမ္ဘောဇ၊ ဇေယျာရွှေမြေ နှင့် ရတနာပုံအသင်းတို့အား ဆု ကြေးငွေကျပ်သိန်းငါးရာစီ ချီးမြှင့် ခဲ့သည်။ ထို့အပြင် လိဂ်ဖလားပြိုင် ပွဲတွင် ဗိုလ်စွဲခဲ့သည့် ကမ္ဘောဇ၊ ဒုတိယရရှိခဲ့သည့် မကွေးအပါ အဝင် လူငယ်အမှတ်ပေးပြိုင်ပွဲ့၊ ပထမတန်းပြိုင်ပွဲတို့တွင် ဆုရရှိ သည့်အသင်းများအား ဆုကြေး များချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်မှ ချီးမြှင့်ခဲ့သည့် တစ်နှစ်တာ အကောင်းဆုံးဆုများအတွက် ဝေဖန်မှုများရှိခဲ့ပြီး ဆီဇာမှာ ရန်ကုန်အသင်းချန်ပီယံဖြစ်ရန် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သောကြောင့် ပထမဆု ရရှိခဲ့သည် မှာ ထိုက်တန်မှု ရှိသော်လည်း ဒုတိယနှင့် တတိယ ရရှိခဲ့သည့် ကစားသမားနှစ်ဦးအတွက် အငြင်းပွားဖွယ် ရာများ ရှိခဲ့သည်။
၂၀၁၃ ခုနှစ်က အကောင်းဆုံးခြေစွမ်းပြခဲ့ကြသည့် ကြည်လင်း၊ စိုးမင်းဦးနှင့် သီဟစည်သူတို့မှာ အကောင်း ဆုံး ဆုသုံးဦးစာရင်းတွင်ပင် ပါဝင်လာခြင်းမရှိခဲ့ပေ။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးဆုကို နိုင်ငံခြားသားများက သုံးနှစ်ဆက်ရရှိခဲ့ပြီး ယခုနှစ် တွင်လည်း ဂိုးသွင်းအများဆုံးစာရင်းတွင် ချင်းတိုက်စစ်မှူး ကိသ်က ၂၂ ဂိုးဖြင့် ဦးဆောင်နေ၍ ၎င်းနောက် တွင် ဆီဇာနှင့် ဖွန်ဆီကာတို့က ၂၁ ဂိုးဖြင့် အစဉ်လိုက်ရပ်တည်နေကြသည်။
7day

မှတ်ချက်များ