ရန်ကုန်မြို့သစ်စီမံကိန်း ပွင့်လင်း မြင်သာမှု မရှိဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
ရန်ကုန်တိုင်း အစိုးရက မြို့သစ်တခု တည်ဆောက်မယ့် စီမံကိန်းကို တင်ဒါ မခေါ်ပဲ ကုမ္ပဏီ တခုကို ပြိုင်ဖက်မ ရှိ ခွင့်ပြု ခဲ့တာဟာ ပွင့်လင်းမြင်သာမှု ကင်းမဲ့တဲ့ လုပ်ရပ် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြား လိုက်ပါတယ်။
ဒီကိစ္စဟာ လက်ရှိအစိုးရ တာဝန်ယူခဲ့ချိန်ကစပြီးပြောဆိုခဲ့တဲ့ ကတိစကားတွေနဲ့ ကွဲလွဲနေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
“ဒီအစိုးရစတက်ကတည်းကပြောနေတာ ဘယ်လောက်ပေးဆပ်မှုလည်းဆိုတာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန် ယူမှုဆိုပြီးတော့ ခုကျတော့ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုလို့ရှိရင် good government ဆိုတဲ့ဒီသဘောတရားကို လက်လျော့လိုက်ပြီလားဆိုတာ မေးရတော့ မလိုဖြစ်နေပါပြီ”
RFA က ပုံမှန် တင်ဆက် နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည် အစီအစဉ် အတွက် မနေ့ က ဆက်သွယ် မေးမြန်း ခဲ့ရာမှာ အခုလို ဖြေကြား ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တစ်ဦးနဲ့ တစ်ဦး သဘောထား လွဲလွဲမှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ လူတွေမှာ တူညီတဲ့ ရည်ရွယ် ချက် ရှိမယ်ဆိုရင် မတူညီတဲ့ အမြင်တွေကို ညှိနှိုင်း လို့ရမှာ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါ တယ်။
အပြည့်အစုံကို ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။
RFA Burmese

မှတ်ချက်များ