![]() |
| ဓါတ်ပုံ - ၆ ထပ် ယူကွန်ဒို ပြိုကျပျက်စီးထားသည်ကိုတွေ့ရစဉ် |
အဆိုပါတိုက် ဆောက်လုပ်ရေး အလုပ်သမား အများစုသည် မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး သားငယ်အား တင်း ကျပ်စွာ ဖက်ထားသော သားအမိ အလောင်းအပါ အဝင် ညနေပိုင်းအထိ သေဆုံးသူအလောင်း ၄ လောင်းနှင့် ဆေးရုံပို့ထား သည့်ဒဏ်ရာရသူ ၁၉ ဦး ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်းလည်း ထိုင်းနေးရှင်းသ တင်း တွင်ဖော်ပြ ထားသည်။
ပထုမ်ထာနီမှ ပြည်ထဲရေးဝန်ကြီးဌာန လူထု ဘေးအန္တရာယ် ကာကွယ်ရေးဌာနအကြီးအကဲက အဆိုပါတိုက် ပြိုကျမှုအောက်တွင် ပိမိနေသူများအား အမြန်ဆုံးကယ်တင်နိုင်ရေးအတွက် သက်ဆိုင်ရာများအား အမိန့် ထုတ် ညွှန်ကြားထားသည်ဟုလည်းဆိုပါသည်။
အဆိုပါ တိုက်သည် ခလောင်းလုံ မြို့နယ် ပထုမ်ထာနီ နည်းပညာတက္ကသိုလ် အနီးတွင်တည်ရှိပြီး အပေါ်ဆုံး အထပ်တွင် ဘိလပ်မြေကွန်ကရစ် ကြမ်းခင်းနေ စဉ် အောက်ထပ်များက အဆိုပါ အလေးဒဏ် မခံနိုင်သဖြင့် ပြိုကျရခြင်းဖြစ်ကြောင်း အစိုးရ၏ဆောက်လုပ်ရေးပိုင်းဆိုင်ရာ က ခန့်မှန်းပြောဆိုပါသည်။
ယူကွန်ဒို ဟုအမည်ရသောအဆိုပါ တိုက်ကို ပလုခ် ပလိုင်း ကုမ္မဏီက တာဝန်ယူဆောက်လုပ်နေ ပြီး ဆောက်လုပ်ရေးအင်္ဂျင်နီယာနှင့်အဖွဲ့မှာ ယနေ့ညနေပိုင်းအထိ တရားဝင် ထုတ်ဖော်ဝန်ခံခြင်းမ ရှိသေးကြောင်း သတင်းများတွင်ဖော်ပြထားသည်။
သျှမ်းသံတော်ဆင့်

မှတ်ချက်များ