သာသနာရေးဝန်ကြီး(ဟောင်း) ဦးဆန်းဆင့်အား နေပြည်တော်၊ ဒက္ခိ ဏခရိုင်တရားရုံး၌ ခုနှစ်ကြိမ်မြောက် ရုံးထုတ်မစစ်ဆေးမီ သြဂုတ်လ ၁ဝ ရက်က ရမည်းသင်းအကျဉ်းထောင်တွင် အသက်ရှုမဝသဖြင့် အောက် ဆီဂျင်ပေးခဲ့ရသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးတင် ထွန်းက ဆိုသည်။
“ပြီးခဲ့တဲ့ သြဂုတ်လ ၁ဝ ရက်နေ့က အသက်ရှုမဝလို့ အောက်ဆီ ဂျင်ပေးရတယ်၊ မန္တလေးက နှလုံးအထူးကုဆရာ ဝန်ကြီးအပါအဝင် အထူးကုပါရဂူကြီးနှစ်ဦး လာရောက်ကြည့်ရှုပေးတဲ့အတွက် အန်ကယ် တို့ရောက်တဲ့အချိန်မှာ လန်းလန်းဆန်းဆန်းပါပဲ” ဟု ဦးတင်ထွန်းက မဇ္ဈိမကို ပြောသည်။
ဦးဆန်းဆင့်အနေဖြင့် သာသနာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင် စဉ်က နှလုံးအထူးကု ဆရာဝန်ကြီးတစ်ဦးဖြင့် ပုံမှန်ကုသမှုခံယူနေရသူ တစ်ဦးဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
ဦးဆန်းဆင့်နှင့် ဆွေမျိုးတော်စပ်သူ ဦးအောင်ဌေးက “သူ(ဦးဆန်းဆင့်)က အရင်ကတည်းက နှလုံးရောဂါ၊ ကျီးပေါင်းရောဂါနဲ့ မျက်စိရောဂါ ကုနေရတာလေ” ဟု မီဒီယာများကို ပြောသည်။
ဦးဆန်းဆင့်၏ ကျန်းမာရေးအခြေအနေသည် အထူးစောင့်ရှောက်ရန်လိုအပ်သည့်အတွက် ပဉ္စမအကြိမ်ရုံး ချိန်း၌ ရှေ့နေမှတဆင့် ကျန်းမာရေးအာမခံလျှောက်ထားသော်လည်း ဒက္ခိဏခရိုင်တရားရုံးက ပယ်ချခဲ့ သည်။
ကျန်းမာရေးအခြေအနေ ကောင်းမွန်ခြင်းမရှိသော်လည်း တရားရင်ဆိုင် စစ်ဆေးခံနေရသော ဦးဆန်းဆင့် အား ခုနှစ်ကြိမ်မြောက်ရုံးထုတ်ရာတွင် တရားလိုအဖြစ် အထူးစုံစမ်းစစ်ဆေးရေးဌာနမှ ညွန်မှူး ဦးဌေးလွင် စွဲဆိုထား သော ပြစ်မှုကြီးမှု ၄၁/၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄ဝ၉/၁ဝ၉ အတွက် တရားလိုပြ သက်သေ သုံးဦးအား စစ်ဆေးခဲ့ကြောင်းသိရသည်။
“၄ဝ၉/၁ဝ၉ ပြစ်မှုကို သာသနာရေးဝန်ကြီးဌာနရုံးအဖွဲ့မှုး ဦးမြင့်ဦး၊ လက်ထောက်ညွန်ကြားရေးမှူး ဦးထွန်းမြင့်အောင် ကိုစစ်တယ်၊ နောက်တခါ ယာဉ်မောင်း ဦးကျော်ဝင်းလှိုင်ကိုစစ်တယ်” ဟု ဦးဆန်းဆင့် အမှုအား ရှေ့နေအဖြစ်လိုက်ပါဆောင် ရွက်နေသူ တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက မဇ္ဈိမသို့ အတည်ပြု ဖြေကြားခဲ့သည်။
တရားလိုအဖြစ် ရဲမှူးကြီး ဦးခင်ဌေး စွဲဆိုထားသော စတင်တရားစွဲဆိုစဉ်က ပါဝင်ခဲ့ခြင်းမရှိသည့် နောက်တိုး ပုဒ်မဖြစ်သော ၄၂/၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၄(က) နိုင်ငံတော်အကြည်ညိုပျက်စေမှုအား သာသ နာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးခိုင်အောင်၊ သာသနာရေးဝန်ကြီးဌာန၊ သာ သနာရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေ၊ ရဲမှူးဦးမျိုးသန့် တို့သုံးဦးအား စစ်ဆေးခဲ့ကြောင်းသိရ သည်။
သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ယခုလ ၁၅ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးမည်ဟု သိရ သည်။
Mizzima

မှတ်ချက်များ