၁။အသက်ကို ၀အောင်ရှုပါ။
သင်ကြောက်ရွံ့နေတဲ့အချိန်၊ တုန်လှုပ်စရာအဖြစ် အ ပျက်တစ်ခုခုကို ကြုံတွေ့တဲ့အခါ အသက်ကိုဝအောင် ရှုလိုက်ပါ။ ပြီးတဲ့အခါ ခဏအသက်အောင့်နေပြီးမှ ပါး စပ်ကနေ လေကို ပြန်ထုတ်လိုက်ပါ။ ဒီလိုအခြေအနေ မှာ ခုနခံစားရတဲ့ ကြောက်ရွံ့မှုတွေ အနည်း ငယ်လျော့ပါးသွားတာကို သင်ခံစားရပါလိမ့်မယ်။
၂။ဖြစ်ပျက်နေတဲ့အရာတွေကို လက်ခံလိုက်ပါ။
ကိုယ်မြင်နေ၊ ကြားနေတာတွေဟာ ကိုယ်လက်မခံချင်တဲ့အရာတွေဆိုပေမယ့် ဒါတွေတကယ်ဖြစ်လာပြီ ဆိုတာကို လက်ခံလိုက်ပါ။ အဲ့ဒီအချိန် ကိုယ်ပြုလုပ်နိုင်တဲ့အရာတစ်ခုခုကို အာရုံလွှဲလိုက်ပါ။ ဂိမ်းကစားတာ မျိုး မလုပ်နိုင်ရင်တောင် သီချင်းနားထောင်တာဖြစ်ဖြစ်၊ အနားမှာ လူတွေရှိတယ်ဆို၇င် သူတို့နဲ့ စကား ၀င်ပြောတာမျိုးပဲဖြစ်ဖြစ် လုပ်လိုက်ပါ။
၃။နွေးထွေးတဲ့ လက်တစ်စုံကို ရှာပါ။
ဒီလိုပြောလိုက်လို့ အဲ့ဒီနွေးထွေးတဲ့ လက်တစ်စုံက ဘေးမှားရှိမနေရင်ရောလို့ မေးဖွယ်ရှိပါတယ်။ လူ့အ သားဟာ အေးစက်စက်ကနေ နွေးထွေးလာတာနဲ့ စိတ်ခံစားချက်ကလည်း ပြောင်းလဲသွားပါတယ်။ သာမာန် အချိန်မှာ နွေးထွေးလာတဲ့ အသားအရည်ကြောင့် ပျော်ရွှင်မှုကို ခံစားနိုင်တယ်ဆိုတော့ ကိုယ်ကြောက်ရွံ့ခံ စားနေရချိန်၊ တုန်လှုပ်စရာကောင်းတဲ့အချိန်တွေမှာဆိုရင်တော့ အဲ့ဒီခံစားချက်ဆိုးတွေ ကို လျော့ပါးစေမှာပါ။ ကိုယ့်ကို ပွေ့ဖက်ပေးမယ့်သူ ဘေးမှာမရှိရင် ကိုယ့်လက်လေးနဲ့ ကိုယ့်ရဲ့လက်မောင်း တစ်ဖက်ကို ပွတ် သပ်ပေးလိုက်ပါ။
၎။ကြွက်သားတွေကို အလုပ်ပေးလိုက်ပါ။
ခံစားချက်တစ်ချို့ကြောင့် တောင့်တင်းသွားဖွယ်ရာရှိတဲ့ ကြွက်သားတွေကို လှုပ်လှုပ်ရှားရှားဖြစ်သွားအောင် ကြိုးစားလိုက်ပါ။ ထပြီး လမ်းလျှောက်လိုက်တာဖြစ်ဖြစ်၊ အလုပ်စားပွဲမှာ အလုပ်ပြန်လုပ်လိုက်တာဖြစ်ဖြစ် သင့်ခန္ဓာကိုယ်ကို အလုပ်ပေးဖို့ လိုပါတယ်။
၅။အကြောက်တရားကို လက်ခံလိုက်ပါ။
ဆိုးရွားတဲ့ခံစားချက်တွေနဲ့ ပိုတိုက်ခိုက်လေလေ၊ သင့်အတွက် ပိုနာကျင်စရာကောင်းလေလေ ဆိုတာ မမေ့ပါနဲ့။ သင်ဟာ အန္တရာယ်ရှိတဲ့အခြေအနေတစ်ခုကို ရောက်နေတဲ့အတွက် အရမ်းကြောက်နေတယ်ဆို ရင် ငါဒီလိုခံစားနေရတာ ကြောက်နေတာ ဘာမှမဖြစ်ဘူး။ ဒါဖြစ်သင့်တာပဲလေ။ ဒီအန္တရာယ်လွတ်မြောက် သွားတဲ့အထိ အဆင်ပြေပြေဖြတ်သန်းရမယ်ဆိုပြီး ကိုယ့်ကိုယ့်ကို အားပေးပါ။
မေသော် | Trend Myanmar

မှတ်ချက်များ