မြန်မာအလုပ်သမားအများစုအပါအ၀င် လူ ၂၀ ကျော် ဒဏ်ရာရသွားပြီး တချို့ အတွင်းလူနာအဖြစ် ဆေးရုံ မှာ ဆေးကုသမှု ခံယူနေရပါတယ်။
စမွတ်ပရကန်မြို့ ထိုက်ဘန့် ရပ်ကွက်ရှိ အထည်ဆေး ဆိုးစက်ရုံ လုပ်ငန်းခွင်မှာ သြဂုတ်လ ၁၇ ရက်နေ့ မနက်အစောပိုင်းက ဘွိုင်လာအိုးပေါက်ကွဲမှုကြောင့် စက်ရုံမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေရော အနီးနားမှာ နေထိုင်သူတွေပါ ထိခိုက်ဒဏ်ရာရရှိ သွားခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် ကနဦးဒဏ်ရာရသူပေါင်း ၂၀ ဦးရှိပြီး၊ ချူလာလောင်ကွန်းဆေးရုံး အရေးပေါ်မှာ ၂ ဦး၊ စမွတ်ပရကန်ဆေးရုံမှာ ၉ ဦး အတွင်းလူနာအဖြစ် တက်ရောက်ကုသမှုခံယူနေရပြီး တချို့က ဒဏ်ရာမပြင်း ထန်တဲ့အတွက် ဆေးထည့် ပြန်သွားကြောင်း မြန်မာသံရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။
“မနေ့က ဆေးရုံတက်နေတဲ့ လူနာတွေကို သွားကြည့်တယ်။ ထိုင်းဘက်ကလည်း လူမှုဖူလုံရေးက တာဝန် ရှိတဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် လာကြည့်ပါတယ်။ အဲဒီမှာ အလုပ်ရှင်တွေနဲ့လည်း တွေ့ပြီး တာဝန်ရှိ သူတွေနဲ့လည်း ဆွေးနွေးပါတယ်။ ဆေးရုံတက်နေတဲ့သူတွေကို ထိုင်းဥပဒေတွေနဲ့အညီ အခွင့်အရေးရ ရှိအောင် ဆောင်ရွက်ပေးပါဆိုပြီး အလုပ်ရှင်တွေကိုလည်း မှာတယ်၊ နေအိမ်အခန်းတွေ ပျက်စီးသွားတာတွေ ကိုလည်း အမြန်ဆုံးဆောင်ရွက်ပေးပါ၊ လိုအပ်တဲ့ ကရုဏာကြေး၊ နစ်နာကြေး၊ လျော်ကြေးတိုနဲ့ ပတ်သက် တာတွေလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ပေးပါဆိုပြီး ပြောလိုက်ပါတယ်။
ထိခိုက်ဒဏ်ရာရသူအများစုဟာ အပူလောင်တာ၊ သံစတွေ လွင့်စင်ထိမှန်တာကြောင့်ဖြစ်ပြီး ဒဏ်ရာရ တဲ့ မြန်မာအလုပ်သမားတွေကတော့ ကရင်ပြည်နယ် နဲ့ ပဲခူးတိုင်းက အများစုဖြစ်ပြီး လျော်ကြေး၊ နစ် နာကြေးတွေ ရရှိတဲ့အထိ ဆောင်ရွက်ပေးသွားမယ်လို့ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက အလုပ်သ မားဆိုင်ရာ သံမှူး ဦးသိန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။
အလုပ်သမားတွေနေတဲ့ အခန်းပေါင်း ၂၀ ခန်း မီးလောင်တဲ့အထဲ ပါသွားတဲ့အတွက် လောလောဆယ် နေစ ရာမရှိတော့ဘဲ အလုပ်ရှင်က အလုပ်သမားမိသားစုတွေကို အခြားတနေရာကို ရွှေ့ပြောင်းထားတယ်လို့ လည်း သိရပါတယ်။
သြဂုတ် ၁၇ ရက်နေ့ မနက် ၄ နာရီခွဲလောက်က ဘွိုင်လာအိုးကြီး ပေါက်ကွဲမှုကြောင့် အဲဒီကုမ္ပဏီပိုင် ၂ ထပ်ပျဉ်ထောင်အိမ် ၅ လုံး၊ ကျွန်းသစ် တထပ်အိမ် ၅ လုံးနဲ့ ၆ ဘီးကားတစ်စီး မီးလောင်ပျက်စီးသွားပြီး လုပ်ငန်းခွင်ဆုံးရှုံးမှု ပစ္စည်း တန်ဖိုး ထိုင်းဘတ်ငွေ ၁၀ သန်း ရှိမယ်လို့ ခန့်မှန်းကြောင်း မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ပေါက်ကွဲမှု ဖြစ်ရတဲ့အကြောင်းရင်းက ဘွိုင်လာအိုးထဲ ရေခန်းသွားတယ်လို့ ကနဦး ခန့်မှန်းထားပြီး အဖြစ်မှန် ကို စုံစစ်ဆေးနေဆဲပဲလို့ စက်ရုံမန်နေဂျာရဲ့ အပြောကို ကိုးကားပြီး ဖော်ပြပါတယ်။
(Photos by Sutthiwit Chayutvoraken and Thiti Wannamontha)
DVB

မှတ်ချက်များ