ဝူရှူး ကစားသမား အေးသစ္စာမြင့် ငွေတံဆိပ် ဆွတ်ခူး
တရုတ်နိုင်ငံ နန်ကျင်းမြို့မှာ ကျင်းပနေတဲ့ လူငယ်အိုလံပစ်ပြိုင်ပွဲနဲ့ ဆက်စပ်ကျင်းပတဲ့ လူငယ် ၀ူရှူးပြိုင်ပွဲ မှာ မြန်မာလူငယ် ၀ူရှူး ကစားသမား မအေးသစ္စာမြင့်က ဒုတိယ ငွေတံဆိပ် ဆု ရရှိသွားပါတယ်။
သြဂုတ် ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေက ယှဉ်ပြိုင်ကစားတဲ့ အမျိုးသမီး ၀ူရှူးအားကစား နည်းဖြစ်တဲ့ နန်းချွမ်နဲ့ နန်းသောင် ၂ မျိုးပေါင်းပြိုင်ပွဲမှာ ခုလို ဆုတံဆိပ် ရရှိခဲ့တာလို့ မြန်မာနိုင်ငံ ၀ူရှူးအဖွဲ့ချုပ် တွဲဖက်အတွင်းရေး မှူး ဦးခင်စိုးက ဒီဗွီဘီကို ပြောပါတယ်။
ပထမဆုကိုတော့ ဗီယက်နမ်က ရရှိပြီး တတိယဆုကိုတော့ ကနေဒါနိုင်ငံက ရရှိသွားပါတယ်။
ဝူရှူးပြိုင်ပွဲဝင် မြန်မာကစားသမား ၂ ဦးအနက် မောင်စိန်သီဟအောင်ကတော့ အဆင့် ၆ နေရာ ရရှိခဲ့ပါ တယ်။ ဒါပေမယ့် ဒီအိုလံပစ်ပြိုင်ပွဲမှာ ၀ူရှူးအားကစားနည်းကို နိုင်ငံအလိုက် ဆုတံဆိပ်စာရင်းမှာ မထည့် သွင်းဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံက ပြေးခုန်းပစ်၊ အလေးမ၊ ရွက်လှေနဲ့ မြားပစ်အားကစားနည်း ၄ မျိုးမှာ လူငယ် လက်ရွေးစင် အားကစားသမား ၄ ဦး ၀င်ရောက် ယှဉ်ပြိုင်နေပြီး ဆုတံဆိပ်တော့ ရရှိခြင်းမရှိသေးပါဘူး။
သြဂုတ် ၁၆ ရက်နေ့ကနေ သြဂုတ် ၂၈ ရက်ထိ တရုတ်နိုင်ငံ နန်ကျင်းမြို့မှာ ကျင်းပတဲ့ ဒုတိယအကြိမ်
မြောက် လူငယ်အိုလံပစ်ပြိုင်ပွဲမှာ အားကစားနည်း ၂၈ နည်းမှာ နိုင်ငံပေါင်း ၂၀၀ ကျော်က လူငယ်အားက စားသမား ၃၈၀၀ ကျော် ပါဝင်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။
DVB

မှတ်ချက်များ