ငမိုးရိပ်တံတား(ပါရမီ) တည်ဆောက်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်က ငွေကျပ် ၈၅ သန်းကျော် ပိုမိုထုတ်ယူခဲ့ကြောင်း စိစစ်တွေ့ရှိ
ငမိုးရိပ်တံတား(ပါရမီ) ဘေလီတံတားသစ် တည်ဆောက်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေးကော်မတီက ငွေကျပ် ၈၅ သန်းကျော် ပိုမိုထုတ်ယူခဲ့ကြောင်း ဩဂုတ် ၂၅ ရက်က ပြုလုပ်သည့် ရန် ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦး မင်းအောင်၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှုအစီရင် ခံစာအား လွှတ်တော်သို့ တင်သွင်းရာတွင် အထက်ပါကဲ့သို့ ဦးမင်းအောင်က ထည့်သွင်းတင်ပြခဲ့ခြင်း ဖြစ် သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်လုပ်ငန်းနှင့် စာရင်းများစစ်ဆေး ချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ယူတည်ဆောက်ခဲ့သည့် ငမိုးရိပ်တံတား (ပါရမီ) တည်ဆောက်ရေးစီမံကိန်းအား ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်နှင့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် နိုဝင် ဘာလအထိ လုပ်ငန်းနှင့်စာရင်းများကို စစ်ဆေးရာတွင် ပိုမိုထုတ်ယူငွေများတွေ့ရှိခြင်းဖြစ်ကြောင်း သိရ သည်။
ပိုမိုထုတ်ယူငွေများတွင် ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတည်ပြုဈေးနှုန်းထက် ပိုမိုထုတ်ယူငွေ ကျပ် ၂၁ ဒသမ ၉၃၁ သန်း ၊ ပစ္စည်းအမျိုးအစား ပြောင်းလဲသုံးစွဲခြင်းကြောင့် ပိုမိုထုတ်ယူမှု ကျပ် ၃၄ ဒသမ ဝ၃၈ သန်း၊ စံနှုန်းထက် ပိုမိုထုတ်ယူမှု ၇ ဒသမ ၁၆၇ သန်း၊ တွက်ချက်မှုမှားယွင်းသဖြင့် ပိုမိုထုတ်ယူမှု ၅ ဒသမ ၂၉၁ သန်း၊ စာချုပ်ပါဈေးနှုန်းထက် ပိုမိုပေးချေမှု ၃ ဒသမ ၁၅ဝ သန်း၊ မျက်မြင်စစ် ဆးမှုအရ လုပ်ငန်းလျော့နည်းဆောင်ရွက်ထားမှု ၁၄ ဒသမ ၁၉၈ သန်း၊ စုစုပေါင်း ၈၅ ဒသမ ၇၇၅ သန်းဖြစ်ကြောင်းနှင့် အဆိုပါငွေများကို ပြန်လည်ပေးသွင်းစေခဲ့ပြီးဖြစ်ကြောင်း စာရင်းစစ်ချုပ်အစီရင်ခံစာ အရ သိရသည်။
ငမိုးရိပ်တံတား(ပါရမီ)သည် ဘေလီတံတားဟောင်းနှင့်အပြိုင် ငမိုးရိပ်ချောင်းကိုဖြတ်ကာ ဒဂုံမြို့သစ်(မြောက် ပိုင်း)မြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့ကို ဆက်သွယ်ထားသည့်တံတား ဖြစ်သည်။
EMG

မှတ်ချက်များ