တရုတ်နိုင်ငံသို့ လူကုန်ကူးခံ ရသော မြန်မာအမျိုးသ မီး အယောက် (၁၀၀) တွင် (၂၀) ဦးမှာ ကလေး စွန့် ပစ်၍ အမိနိုင်ငံသို့ ပြန်လည် ထွက်ပြေး လာကြေ ကြာင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့ (ဗဟို) မှ သိရ သည်။ အဆိုပါ အမျိုးသမီးများမှာ တရုတ် အမျိုးသားနှင့် ရရှိထားသော ကလေးများ ကိုထားခဲ့၍ အမိနိုင်ငံအား ပြန်လည် ရောက်ရှိရန် ကိုယ်လွတ်ရုန်းကာ ထွက်ပြေးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ဒီမိန်းကလေး တွေက မတရားထိမ်းမြား ခြင်းခံရတဲ့ သူတွေ ဖြစ်လို့ ကလေးခေါ်ရင် လွတ်ဖို့က မလွယ်တဲ့ အတွက် ထားခဲ့ပြီး ထွက်ပြေးလာ ကြတာ ဟု လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး အဖွဲ့ (ဗဟို) မှ ဒုတိယရဲ မှူး အေးအေးမြင့်က The Messenger Media သို့ ပြောသည်။
ယင်းကဲ့သို့ ထွက်ပြေးလာ သူများရှိ သကဲ့သို့ တရုတ်အမျိုးသား၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ရောက်ရှိလာ သူများလည်းရှိပြီး အမျိုးသမီး အချို့မှာ ကလေးနှစ်ဦးမှ သုံးဦးအထိ ရရှိခဲ့ကြောင်း သိရသည်။ လက် ရှိ မြန်မာနိုင်ငံ တွင် လူကုန်ကူးမှု အများဆုံးသည် တရုတ်နိုင်ငံသို့ ဖြစ်ပွားနေခြင်း ဖြစ်ပြီး၊ ယခုနှစ် အတွင်း တရုတ် နိုင်ငံသို့ လူကုန်ကူးမှု (၄၀) မှု ခန့် ဖြစ်ပွားခဲ့ရာတွင် အမျိုးသမီးများ ကိုသာ အများဆုံး လူကုန် ကူးခြင်း ဖြစ်ကြောင်း သိရသည်။
ဒီလို မိန်းကလေးတွေ အတွက် စိတ်ဒဏ်ရာမရဖို့ ၀ိုင်းဝန်း စောင့်ရှောက်ရမယ်။ ပြီးတော့ ခွဲခြား ဆက်ဆံ တာတွေ မရှိဖို့လိုတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကလည်း ကူညီ ဖေးမသင့်တယ် ဟု မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ အဖွဲ့ဝင် ဒေါ်သီတာခိုင် ကဆိုသည်။
လူကုန်ကူးမှုများ အများဆုံး ဖြစ်ပွားနေသည့် တရုတ်နိုင်ငံမှ ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ သတင်း အချက်အလက် မျှဝေခြင်း၊ မှတ်သား ဖမ်းဆီးခြင်းနှင့် ကြိုတင် ကာကွယ်ခြင်း စသည့် အချက်များကို အရှိန်တိုးမြှင့်ကာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့(ဗဟို) မှသိရ သည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၁ ခုနှစ်တွင် လူကုန်ကူးမှု (၁၃၆) မှုမှ ကျား (၁၂၆) နှင့် မ (၂၂၅) ဦး လူကုန်ကူးခံရပြီး၊ ၂၀၁၂ ခုနှစ် အမှု ပေါင်း (၁၂၀) မှုမှ ကျား (၅၇) ဦးနှင့် မ (၂၀၄)ဦး ကူးခံခဲ့ ရသည်။ ၂၀၁၃ ခုနှစ်တွင် အမှုပေါင်း (၁၀၂) မှု ကျား (၈၁) ဦး မ (၁၇၅) ဦး လူကုန်ကူးခံခဲ့ ရပြီး၊ ၂၀၁၄ ခုနှစ် (၆) လ အတွင်း အမှု (၄၀) မှုမှ ကျား (၃၄) ဦး၊ မ (၅၂) ဦး လူကုန်ကူးခံခဲ့ ရကြောင်း သိရသည်။ ကျူးလွန်သူ တစ်ထောင်ေ ကျာ် ကိုလည်း ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်ထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ် နင်းရေး အဖွဲ့ (ဗဟို)မှ ထုတ်ပြန်ထားသည်။
messenger
ပင်မ
/
တရုတ်သို့ လူကုန်ကူးခံရသော အမျိုးသမီးများ၏ (၂၀) ရာခိုင်နှုန်းမှာ ကလေးစွန့်ပစ်၍ ပြန်လည် ထွက်ပြေးလာ

မှတ်ချက်များ