အနုပညာဖန်တီးမှုများနဲ့ပတ်သတ်ရင် ငွေကုန်ကြေး ကျခံစိုက် ထုတ်ပြီး ဖန်တီးပြလေ့ရှိသူကတော့ အကယ်ဒမီ နေတိုးပါ။ ၂၀၁၃ အကယ်ဒမီစာရင်းမှာလဲ သူ့ဇာတ်ကားတွေ နဲ့ ဖောင်း ကြွနေတယ်လို့ သတင်းသံတွေ သိုးသိုးသန့်သန့်ကြားနေရပါ တယ်။ ဒါတင်မကသေးပါဘူး။ နေတိုးဟာ သူဝါသနာပါရာ အနုပညာအလုပ်အပြင် အခြားစီးပွားရေးတစ်ခုကိုလည်း တွဲလုပ်တော့မှာပါ။
အဲ့ဒီအကြောင်းကိုတော့ “စက်ပစ္စည်းပိုင်းတွေနဲ့ပတ်သတ်ပြီး ၀ပ်ရှော့ ပုံစံဖွင့်ဖို့ကြိုးစားနေတာ လေးနှစ်လောက်ရှိပြီ။ ကိုယ် တိုင်စက်ပစ္စည်းတွေကို လေ့လာနေလို့ပေါ့နော်။ ပြီးတော့ ၀ပ်ေ ရှာ့က ကျွန်တော်တို့ ရိုက်ကူးရေးအချိန်မှာ လိုအပ်တဲ့ လိုအပ် ချက်တစ်ခုပေါ့။
ဒီဝပ်ရှော့ရှိမှသာလျှင် စုစုစည်းစည်းနဲ့ မြန်မြန်ဆန်ဆန်လေး ရိုက်လို့ရအောင်ပေါ့။ အချိန်ယူပြီး ရိုက်ကူးမဲ့ အပိုင်းတွေမှာ ဆွေးနွေးတိုင်ပင်ဖို့အတွက် ဒီဝပ်ရှော့ဆိုတာ လိုအပ်တယ်။ အဲ့ဒါကြောင့်မို့လို့ဝပ်ရှော့နဲ့ မီနီစတူဒီယိုလေး လုပ်ဖို့ဖန်တီးနေတာပါ။ အဲ့ဒီဆိုင်လေးကတော့ ၂၀၁၅ မှာစဖွင့်မှာပါ။ ဒီပစ္စည်းတွေနဲ့ပတ် သတ်ပြီး ကျွန်တော်တို့ဆီမှာက အွန်လိုင်းကပဲ သင်ယူရတယ်။ အချိန်ပေးပြီး နိုင်ငံခြားသွားသင်ဖို့တွက် ကျွန်တော်တို့မှာ အခွင့်အရေးမရှိဘူး။ ဒီမှာပဲအဓိက ကိုယ့်ရဲ့အနုပညာနဲ့ပဲဒီပစ္စည်းတွေကို သုံးပြီး လေ့လာ ရတာပေါ့။
ကျွန်တော်အကောင်အထည် ဖော်နေတာ၃ နှစ်ကျော်ပြီ။ ခုကျမှ title တပ်လိုက်တာပေါ့။ နည်းပညာနဲ့ စက် ပစ္စည်းပိုင်းကတော့ သေချာတယ်။ အရင်ထက် ပရိသတ်ကို သေသေချာချာထိထိရောက်ရောက် ရိုက်ပြနိုင် မှာအမှန်ပါပဲ။”လို့ သူက ဆိုပါတယ်။
ခုလတ်တလော နေတိုး သရုပ်ဆောင်နေတဲ့ ဇာတ်ကားကတော့ အချစ်ကိုစောင့်ဆိုင်းခြင်း ဆိုတဲ့ ဇာတ်ကား လို့ သိရပြီး ဒီကားလေးထဲမှာ ချစ်သူရှိတဲ့ကောင်မလေးကို လိုက်ကြိုက်တဲ့ ကာရိုက်တာ သရုပ်ဆောင်ထားပါ တယ်တဲ့။
ခင်ဆွေသက် | Trend Myanmar
မှတ်ချက်များ