အသက် ၁၈ နှစ် မှာ ဆေးခြောက် အလွန်အမင်းသောက်သုံးခြင်းဟာ လူလတ်ပိုင်းအရွယ်မှာ မသန်စွမ်းသူ ဖြစ်နိုင်
အသက် ၁၈ နှစ် မှာ ဆေးခြောက်ကို အကြိမ် ၅၀ ထပ်ပိုပြီး သောက်သုံးခဲ့သူတွေဟာ အသက် ၄၀ နဲ့ ၅၉ နှစ် ကြား အရွယ်ကို ရောက်တဲ့အခါ မသန်စွမ်းသူ တွေ ဖြစ်သွားနိုင်တယ်လို့ ကျန်းမာရေးသုတေသီတွေက သတိပေးထားပါတယ်။
အသက်ငယ်ရွယ်စဉ်မှာ ဆေးခြောက်ကို အလွန်အမင်းသောက်သုံးသူတွေဟာ ဘ၀မှာ မကောင်းတဲ့ လူမှုရေးအကျိုးဆက်တွေ ကြုံတွေ့စေနိုင်သလို အခြား တားမြစ်မူးယစ်ဆေး တွေကိုလည်း ဆက်လက် သုံးစွဲစေတတ်တယ်လို့သိရပါတယ်။ ဒါ့အပြင် အသက်၆၀ ၀န်းကျင် လူလတ်ပိုင်းအရွယ်မှာတော့ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ ချို့ယွင်းကာ မသန်စွမ်းဘ၀ ကိုရောက်စေနိုင်ပါတယ်။
အသက် ၁၈နှစ် မှာ ဆေးခြောက်ကို အလွန်အမင်း သုံးစွဲခဲ့တဲ့ လူ ၆၅၄ ယောက်မှာ ၈၀ ရာခိုင်နှုန်းက အခြား မူးယစ်ဆေးဝါးတွေကို ဆက်လက်သုံးစွဲခဲ့ပြီး ၊ ၄၇ ရာခိုင်နှုန်းဟာ အရက်သမားတွေ ဖြစ်သွားသလို ၅၅ ရာ ခိုင်နှုန်းကတော့ စိတ်ပိုင်းဆိုင်ရာ ရောဂါ တွေခံစားနေရတယ်လို့ ကျန်းမာရေး သုတေသီတွေက Drug And Alcohol Dependence ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။
Trend Myanmar

မှတ်ချက်များ