သူငယ်ချင်းဖြစ်သူကို လည်ပင်းညှစ်၊ ခေါင်းဖြတ်သတ်ခဲ့တဲ့အတွက် ဂျပန်နိုင်ငံမှာ အသက် ၁၅ နှစ်အရွယ် ကျောင်းသူတစ်ဦးဟာ အဖမ်းဆီးခံရ

ဂျပန်နိုင်ငံ Sasebo မြို့တွင် အသက် ၁၅နှစ်အ ရွယ်ကျောင်းသူတစ်ဦးဟာ မိမိရဲ့ အတန်းဖော်ကို သတ်ပြီး ခေါင်းနဲ့  ဘယ်ဘယ်လက်ကို ဖြတ် ခဲ့ပြီးနောက် အဖမ်းဆီးခံခဲ့ရပါတယ်။ အသက် ၁၅နှစ်အရွယ်ရှိ Aiwa Matsuko အမည်ရှိ အသတ် ခံရတဲ့ ကျောင်းသူလေးဟာ အိမ်ကို ပြန်မရောက် လာခဲ့တဲ့အတွက် ၄င်းရဲ့ မိဘတွေက ရဲတွေကို အကြောင်းကြားပြီးတဲ့နောက် သူမရဲ့  ရုပ်အလောင်း ကို သံသယရှိသူရဲ့ နေအိမ်မှာ Nagasaki ဒေသခံ ရဲများက ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

Nagasaki ဒေသခံရဲတွေ ကိုင်တွယ်ဖြေရှင်းရမယ့် အဆိုးရွားအရက်စက်ဆုံးမှုခင်းတွေထဲက တစ်ခုဖြစ်တဲ့ ဒီမှုခင်းမှာ သံသယရှိသူ ကျောင်းသူလေးဟာ သူ့ အတန်းဖော်ကို လည်ပင်းညှစ်မသတ်ခင်မှာ တုံးနေတဲ့ ပစ္စည်းတစ်ခု နဲ့ ၁၀ကြိမ်ထက်မနည်း ရိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့နောက်မှာတော့ သေဆုံးသူရဲ့ ဦးခေါင်းနဲ့  ဘယ်ဘယ်လက်တို့ ကို ဓားအကြီးတစ်လက်နဲ့  ဖြတ်ယူခဲ့တယ်လို့ ဆိုပါတယ်။ တရားခံရဲ့ နာမည်ကိုတော့ တရားဥပဒေအကြောင်းများအရ ဖော်ပြထားခြင်း မရှိသေးပါဘူး။

သေဆုံးသူရဲ့ ရုပ်အလောင်းကို သံသယရှိသူရဲ့ ခုတင်ပေါ်မှာ တွေ့ ရပြီး အနီးနားမှာလည်း ဓားအကြီးတစ် လက်နဲ့  သေဆုံးသူကို တိုက်ခိုက်စဉ်အတွင်းမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့  ခပ်တုံးတုံး ပစ္စည်းတစ်ခုကို လည်း တွေ့ ရှိရတယ်လို့ ဆိုပါတယ်။

ကျောင်းသူလေးတစ်ဦးဟာ သူငယ်ချင်းအိမ်သွားရာကနေ အိမ်ပြန်နောက်ကျတဲ့ ဖြစ်ရပ်တစ်ခုကို သာမန် လုပ်ရိုးလုပ်စဉ်အရ စတင်စုံစမ်းစစ်ဆေးမှုပြုရာကနေ ဂျပန်တစ်နိုင်ငံလုံးကို ထိန်လန့် သွားစေတဲ့ အဆိုးရွား ဆုံး မှုခင်းတွေထဲက တစ်ခု အဖြစ်ကို ဦးတည်သွားခဲ့ရပါတယ်။

အခင်းဖြစ်ပွားစဉ် တရားခံရဲ့ တိုက်ခန်းမှာ သူနဲ့ သေဆုံးသူ ၂ဦးတည်းသာ ရှိနေခဲ့ပြီး တရားခံက သေဆုံး သူကို သူကိုယ် တိုင်သတ်ဖြတ်ခဲ့ကြောင်း ၀န်ခံခဲ့တယ်လို့  ရဲဌာနက ဆိုပါ တယ်။” ခုချိန်ထိတော့ လူသတ် တရားခံဟာ ဘာကြောင့် ဒီလို သတ်ရတယ်ဆိုတဲ့  အကြောင်းပြချက်ကို မပြောသေး ပါဘူး “ လို့ ရဲဌာန မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကဆိုပါ တယ်။

Trend Myanmar



မှတ်ချက်များ