ခြောက်ထပ်တိုက်အပေါ်ဆုံးထပ်မှ ဆန်းရှိတ်ပြိုကျပြီး တိုက်အနည်းငယ်ယိုင်သွား၍ နေထိုင်သူများကို ရွှေ့ပြောင်း


တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ ခြောက်ထပ်တိုက်တစ်လုံး အပေါ်ဆုံးထပ် ဆန်းရှိတ် (နေကာအမိုး) ပြိုကျကာ တိုက်မှာနောက်သို့အနည်းငယ် ယိုင်သွားသောကြောင့် နေထိုင်သူများ အရေးပေါ်ပြောင်းရွှေ့ ခဲ့ရ သည်။

သမာဓိလမ်းရှိ အိမ်အမှတ် ၈၃၆၊ ခြောက်ထပ်တိုက်၏ အပေါ်ဆုံးထပ် ညာဘက်အခြမ်းရှိ ဆန်းရှိတ်မှာ ယနေ့နံနက် ၉ နာရီ ၄၀ မိနစ် ၀န်းကျင်တွင် ပြိုကျခဲ့သည်။

ဆန်းရှိတ်ပြိုကျခဲ့သော အရှိန်ကြောင့် တိုက်သည် အနောက်သို့အနည်းငယ် တိမ်းစောင်းခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိသူ မရှိပေ။ အဆိုပါတိုက်သည် သက်တမ်း ၁၅ နှစ်ခန့်သာရှိသေးေ ကြာင်း ကယ်ဆယ်ရေးလာရောက်လုပ်ကိုင်သော မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ တိုက်တွင် အိမ်ထောင်စု ၁၂ စုခန့်နှင့် လူဦးရေ ၆၄ ဦး နေထိုင်နေပြီး လက်ရှိတွင် နေထိုင်သူများကို နီးစပ်ရာ ဓမ္မာရုံများနှင့် ဘုန်းကြီးကျောင်းများသို့ ပို့ဆောင်ပေးလျက်ရှိသည်။

‘‘လက်ရှိကတော့ ဓမ္မာရုံမှာ နေခိုင်းထားတယ်။ ပြီးတော့မှ လူကြီးတွေအစည်းအဝေးထိုင်ပြီးတော့ စီစဉ်ပေး မယ်လို့ ပြောထားတယ်။ ခုထိတော့ နေစရာမရှိသေးဘူး’’ ဟု ပြိုကျခဲ့သော အပေါ်ဆုံးထပ်အခန်းပိုင်ရှင် ဒေါ် ခင်ခင်မြတ်က ပြောသည်။

တိုက်ကို မည်သည့် ကန်ထရိုက်မှ တည်ဆောက်သည်ကို မသိရှိရသေးပေ။

7day



မှတ်ချက်များ