![]() |
| ဓာတ်ပုံ-ရဲလင်းအောင် |
အမျိုးသားပညာရေးဥပဒေမူကြမ်းနဲ့ ကျောင်းတွင်းထုတ်ပြန်ထားတဲ့ မတရားတဲ့ စည်းကမ်းချက်တွေကို ကန့် ကွက်ရှုတ်ချပြီး ဥပဒေနဲ့ ဗဟိုဦးစီးစနစ်က ကျောင်းသားတွေအတွက် ပွင့်လင်းမြင်သာမှုမရှိလို့ ဆန္ဒဖော်ထုတ် တာပါလို့ ပါဝင်တဲ့ ကျောင်းသားတွေက ပြောပါတယ်။
ရတနာပုံတက္ကသိုလ်၊ စစ်ကိုင်း၊ မုံရွာနဲ့ ကျောက်ဆည် နည်းပညာ တက္ကသိုလ်တွေက ကျောင်းသား သမဂ္ဂတွေ ပူးပေါင်းပြီး ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်။
ကျောင်းဝင်းအတွင်းမှာတော့ ဆိုင်းဘုတ်ထောင်တာပဲ ရှိခဲ့ပြီး ကျောင်းဝင်းအပြင်မှာတော့ အမျိုးသားပ ညာရေးဥပဒေမူကြမ်း အလိုမရှိ၊ ကျောင်သားသမဂ္ဂများ အသင်းအဖွဲ့ များလွတ်လပ်စွာ ဖွဲ့စည်းခွင့် ရရှိရေး ဒို့အရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒဖော်ထုတ်ခဲ့တာပါ။
“အမျိုးသားပညာရေးဥပဒေမှုကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ ၇၁ ချက်ပြင်ဆင်တယ်လို့ သိရ ပါတယ်။ ဘာတွေ ပြင်ဆင်တာလည်း ရှင်းရှင်းလင်းလင်းကျနော်တို့ ကျောင်းသားထုကို ဖွင့်ချပြတာတွေ မရှိပါဘူး။ တကယ်ဆိုရင် ကျောင်းသားကိုယ်စားလှယ်တွေကို ခေါ်ယူပြီး ပွင့်လင်းမြင်သာအောင် သက်ဆိုင် ရာ ဌာနဆိုင်ရာတွေ အားလုံးနဲ့ ရေးဆွဲရမှာဖြစ်တယ်။ ပြင်ပေးတယ်သာ ဆိုတယ်။ ဘာမသိလိုက်ရလို့ ဒုတိ ယအကြိမ်ဆန္ဒဖော်တာပါ”လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ တာဝန်ခံက ပြောပါတယ်။
ပြီးတော့ ရတနာပုံတက္ကသိုလ်ကျောင်းဝင်းထဲမှာ သမဂ္ဂခွပ်ဒေါင်းအလံတွေ စိုက်ထူတာ၊ ကျောင်းသား သမ ဂ္ဂမှ ဦးဆောင်ပြီး စတစ်ကာ ကန်ပိန်းတွေလည်း လုပ်သွားဦးမယ်လို့ သူက ပြောပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ရတနာပုံတက္ကသိုလ်မှာ ဒီဥပဒေမူကြမ်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ပိုင်စိုး | DVB

မှတ်ချက်များ