Patricia (စူးရှနိုင်)နှင့် တွေ့ဆုံခြင်း

Miss Myanmar World 2014 ပွဲကို ၂၅.၈.၂၀၁၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Chatrium Hotel Grand Ballroom တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါ တယ်။

ထိုပွဲမှာ ပရိသတ်အားပေးမူကို ရရှိခံထားရတဲ့ မော် ဒယ်တစ်ယောက် ဖြစ်တဲ့ Patricia (စူးရှနိုင်)မှ ဝင်
ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် Patricia (စူးရှနိုင်)ကို ရိုးရာလေးမှ မေးဖြစ်ခဲ့သမျှ ပြန် လည် ဖော်ပြပေးလိုက် ရပါတယ်။

မေး ။ ။ သရဖူကို ရကို ရရမယ်လို့ မျှော်လင့်ထားပါသလား။

ဖြေ ။ ။ ကျွန်မ အနေနဲ့တော့ အဲလိုတော့ မျှော်လင့် မထားပါဘူး။ ဘာလို့ဆိုတော့ ဒီပြိုင်ပွဲမှာ ကျွန်မထက် အရည်အချင်းပြည့်ဝ သူတွေပြီးတော့ ပိုမိုပြီး လှတဲ့ သူတွေ အများကြီး ပါပါတယ်။ တကယ်လို့ သရဖူ ရမယ် ဆိုရင်တော့ အတိုင်း မသိဝမ်းသာ မိမှာပါ။

မေး။ ။ သရဖူကို ရခဲ့မယ်ဆိုရင် ဘာတွေ လုပ်ဖို့ ရှိလဲ။

ဖြေ ။ ။ သရဖူကို ရခဲ့မယ်ဆိုရင် ပရဟိတ ယခုထက် ပိုမိုပြီး လုပ်ဆောင်ဖို့ ရှိပါတယ်။ နောက်ပြီး အများအ ကျိုးနဲ့ နိုင်ငံအကျိုးတွေကိုလည်း လုပ်ဆောင်သွားမှာပါ။ ယခုလက်ရှိမှာလဲ လုပ်ဆောင်နေပါတယ်။

မေး ။ ။ မော်ဒယ်တစ်ယောက်ကနေ Miss တစ်ယောက် ဘာဖြစ်လို့ ဖြစ်ချင်တာပါလဲ။

ဖြေ ။ ။ တစ်ချို့ ပရိသတ် Miss ပြိုင်ပွဲကို ဝင်ရောက်ပြိုင်ဖို့ တိုက်တွန်းကြပါတယ်။ တစ်ချို့ကလည်း မော်ဒယ် ဘဝမှာပဲ ရပ်မနေစေချင်ဘူး Miss ပြိုင်ပွဲတွေကို ဝင်ပြိုင်ဖို့ တိုက်တွန်းကြ ပါတယ်။ ပြီးတော့လည်း ကျွန်မကို အားပေးကြတဲ့ ပရိသတ်တွေ အခိုင်အမာ ရှိတဲ့ အတွက်ကြောင့် ယခုလို ပြိုင်ခဲ့တာပါ။

မေး ။ ။ ပရိသတ်ကြီးကို ဘာတွေ ပြောချင်သေးလဲ။

ဖြေ ။ ။ ကျွန်မကို အားပေးကြတဲ့ ပရိသတ်ကြီး အထူးပင်ကျေးဇူး တင်ပါတယ်။ အခု Miss Myanmar World 2014 မှာလည်း သမီးကို အားပေးကြပါအုံးလို့ ပြောချင်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

မှတ်ချက်များ