![]() |
| ဆီးကြိတ်ကင်ဆာကို စမ်းသပ်စစ်ဆေးနေစဉ် (Credit: ABC) |
ထိရောက်တဲ့ ဆီးကြိတ်ကင်ဆာ ကုသမှု စနစ်သစ်ထဲမှာ အမျိုးသား တွေရဲ့ ဟော်မုန်း ထုတ်လုပ်တဲ့ နေရာကို ထိန်းချုပ် နိုင်တဲ့ ကုထုံးနဲ့ ၁၈လ အထိ ဆေးကုသမှု လုပ်ဆောင်ရမှာ ဖြစ်ပြီး အဲဒီရဲ့ နောက်ဆက် တွဲမှာတော့ ကင်ဆာရောဂါ ကုသဆေးဝါးနဲ့ ဓါတ်ရောင်ခြည်ကင် ကုသမှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အဲဒီကုထုံးသစ်နဲ့ ပြန့်ပွားမှု မရှိပဲ တနေရာထဲမှာ ရှိနေတဲ့ ဆီးကြိတ် ကင်ဆာ ရောဂါကို ပြင်းပြင်း ထန်ထန် ခံစားနေရတဲ့ အမျိုးသား တစ်ထောင်ကျော်ကို ငါးနှစ်အတွင်း စမ်းသပ် ကုသမှု လုပ်ခဲ့ပြီးနောက် အခြေ အနေက ထင်ထားတာထက် သိသိသာသာ သက်သာ လာတာကို တွေ့ရတယ်လို့ Trans Tasman Radiation Oncology Group အဖွဲ့က ပါမောက္ခ Jim Denham က ပြောပါတယ်။
ဒီပူးပေါင်း ကုထုံး စနစ်သစ်ဟာ ဆီးကြိတ်ကင်ဆာ ရောဂါကြောင့် သေဆုံးရသူ ဦးရေ ၄၀ ရာခိုင်နှုန်းအထိ လျှော့ချလာနိုင်မှာ ဖြစ်တယ်လို့ ပါမောက္ခ Denham ကပြောပါတယ်။
ABC Radio Australia

မှတ်ချက်များ