အမေရိကန်ပြည်ထောင်စု၊ပင်န်ဆိုင်ဗင်းနီးယား၊ဟန်နို ဗာမြို့ကမာပဲလ်လမ်းသွယ်မှာရှိတဲ့ သရဲခြောက်တဲ့ အိမ် တစ်အိမ်ကို အင်တာဗျူးသတင်းသွားယူတဲ့သ တင်းထောက်ရဲ့လက်ကို အဲဒီအိမ်က သရဲက ကုတ်ခြစ်
လိုက်တဲ့ အကြောင်း ဖောက်စ်၄၃ရုပ်သံလိုင်းကို ကိုး ကား ပြီး ဒေးလီးမေးလ်သတင်းစာကရေးသားလိုက်ပါ တယ်။
ကင်မရာမင်း နစ်ခ်ပက်ထရီလိုဟာ ဒင်းနာနဲ့သွမ်ဆင်ဆွမ်တို့လင်မယားနေထိုင်တဲ့ အဲဒီအိမ်ကိုရောက် သွားပြီး သူတို့သရဲခြောက်ခံရပုံကိုမေးမြန်းမှတ်တမ်းတင်လို့ မိနစ်ပိုင်းကလေးအတွင်းမှာ သူ့လက်ဖျံမှာအ စင်းရာတစ်ခု ခြစ်ခံလိုက်ရပြီး လောင်ကျွမ်းသွားသလိုခံစားလိုက်ရကြောင်းပြောပါတယ်။
အဲဒီအိမ်မှာ (၇)နှစ်လောက်နေထိုင်လာခဲ့တဲ့ ဒင်းနာသွမ်ဆင်တို့က သူတို့အိမ်မှာ သရဲအနည်းဆုံး ငါးကောင်နဲ့ နတ်ဆိုး(၁)ကောင်တို့ရှိနေပြီး သူတို့ကိုအမြဲတမ်းနှောက်ယှက်နေကြောင်းပြောပြပါတယ်။ အိမ်ထဲက မကောင်း ဆိုးဝါးကောင်တွေဟာ အိမ်ထဲကလူတွေကို ကုတ်ခြတ်တတ်လေ့ရှိတယ်လို့ လဲသူတို့ က ဆိုပါတယ်။
`ရှင်ကဒီသတင်းကိုရေးမှာဆိုတော့ သူ(သရဲကောင်)တွေကသတိပေးတာဖြစ်မှာပေါ့`လို့ဒင်းနာက ပြောပါ တယ်။နေ့တိုင်း အခြောက်အလှန့်ခံနေရတယ်လို့ သူကပြောပါတယ်။စခြောက်တဲ့နေ့ကတော့ သူ့အိပ်မက် ထဲမှာ ယောက်ျားနှစ်ယောက်က သူ့ဘေးရပ်နေတာမက်ပြီးလန့်နိုးလာတော့ အိပ်မက်ထဲက နှစ်ယောက် တကယ်ပဲအိပ်ရာဘေးလာရပ်နေတာတွေ့လိုက်ရတာကစတာပဲလို့ဆိုပါတယ်။
နောက်တစ်ကြိမ်ကတော့ သူ မှန်ကြည့်နေတုန်း မှန်ထဲမှာ ဆံပင်အညိုရောင်နဲ့မိန်းကလေး လဲနေတာကိုမြင် လိုက်ရပြန်ပါတယ်လို့ပြောတယ်။
`လမ်းလျှောက်သံတွေကြားရတယ်။တံခါးကသူ့အလိုလိုဖွင့်ပိတ်တယ်။လူမရှိတဲ့အခန်းတွေထဲက ငိုညည်း သံတွေကြားရတယ်`လို့သူကပြောပါတယ်။
အဲဒီသရဲတွေထဲက အချို့အမျိုးသမီးတွေက ကျွန်မတို့ကိုစောင့်ရှောက်ပါတယ်။ဒါပေမယ့် အများ စုကတော့ အတော်ဆိုးသွမ်းကြတယ်လို့လဲ ဒင်းနာကပြောပါတယ်။
အခုထက်ထိဒီအိမ်ကိုဝယ်မယ့်သူလဲမတွေ့၊ပြီးတော့ အထက်လမ်းဆရာအမျိုးမျိုးပင့်ဖိတ်ပြီး သူတို့ကိုနှင်လို့ မရဖြစ်နေရတယ်လို့ အိမ်ရှင်လင်မယားကပြောဆိုတာကို ဒေးလီးမေးလ် နဲ့ဖောက်စ်ရုပ်သံတို့မှာဖော်ပြ ထား ပါတယ်။
Yangon Media Group

မှတ်ချက်များ