ကျောက်ကြီးမြို့နယ် မုန်းမှာ မိုးရွာသွန်းမှုကြောင့် မြစ်ရေလျံကာ မုန်းချောင်းတံတား ကျိုးပျက်


ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းဒေသ မီးတိုင်တောအုပ်စု အတွင်း မီးတိုင်တောရွာ ကျောင်း စုရွာ အောင်ချမ်းသာရွာ သုံးရွာမှ စုပေါင်း၍ ၂၀၁၄ ခုနှစ် မေလ အတွင်း ကိုယ်ထူကိုယ်ထ တည်ဆောက် ခဲ့ကြသော မုန်းချောင်း တံတားကြီးမှာ အလျှားပေ (၃၃၀) အနံ (၇) ပေ ရှိပြီး ဒေသခံပြည်သူများ ကျောင်း သူကျောင်းသားများ အတွက် အချိန်အခါမရွေး လွယ်ကူစွာ သွားလာနိုင်ခဲ့သဖြင့် များစွာအဆင်ပြေခဲ့ကြ ပါသည် ။


ယခု သြဂုတ်လ(၆)ရက်နေ့တွင် မိုးရွာသွန်းမှု့ကြောင့် မြစ်ရေလျံမှုများဖြစ်ကာ တံတားကြီး မှာခါးလည်မှ ပေ (၂၅၀)ခန့် ကျိုးပျက် ၍ မုန်းချောင်းရေနှင့် မျောပါခဲ့ရာ ဒေသခံများ၏ အားသွန်ခွန်စိုက် ကျိုးစား တည်ဆောက်ခဲ့မှု့များ များစွာဆုံးရှုံးခဲ့ရသဖြင့် ဒေသခံများစိတ်မကောင်ဖြစ်ခဲ့ကြရပြီး ယခုအခါ ရေစီး သန်သော ရေကို လှေငယ်လေးများဖြင့် ခက်ခက်ခဲခဲသွားလာနေကြရကြောင်းသိရှိရပါသည်။

ပန်းချီသန်းဝင်း(ကျောက်ကြီးမီဒီယာ) | THIT HTOO LWIN

မှတ်ချက်များ