အဆိပ်သောက်၍သေကြောင်းကြံသူ အရေးယူ


၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ xxxxကျေးရွာမှ အမျိုးသမီးတစ်ဦး အဆိပ်သောက်၍ ပွင့်ဖြူဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ ကုန်းဇောင်းနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

စစ်ဆေးချက်အရ အဆိပ်သောက်သုံးသူမှာ ပွင့်ဖြူမြို့နယ်၊ xxxကျေးရွာနေ မxxx(၂၇)နှစ်ဖြစ်ပြီး နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် မိမိကိုယ်ကိုမိမိသေစေရန် စိုက်ပျိုးရေးသုံး “ကိုဘရာ” တံဆိပ်ပိုးသတ်ဆေးပုလင်းမှ ပိုးသတ်ဆေးရည်အနည်းငယ် သောက်သုံးခဲ့ကြောင်း သိရှိရသောကြောင့် ၎င်းအား ကုန်းဇောင်းနယ်မြေ ရဲစခန်း (ပ)၃၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်များ