မြန်မာပြည်တွင် ယောင်္ကျားနှစ်ယောက်၏ လိင်တူအချစ် ဇာတ်ကားရိုက်တော့မည်
လိင်တူချင်း ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းပြသမည့် ဇာတ်လမ်းတစ်ပုဒ်ကို Myanmar Media-7မှ ရိုက်ကူး တင်ဆက်ရန်ရှိကြောင်း Myanmar Media-7 မှဥက္ကဋ္ဌ ဦးဝေမင်းမောင်က ပြောသည်။ ယင်းဇာတ်လမ်းကို အကြမ်းဖျင်းအားဖြင့် “လိင်တူချစ်သူ ဟု အမည်ပေးထားကြောင်း၊ ထိုဇာတ်လမ်းကို ဦးဝေမင်းမောင် ကိုယ် တိုင်ရေးသားထားသည့် ဇာတ်လမ်းဖြစ်ကြောင်း သိရသည်။
ဇာတ်လမ်းနာမည် ကတော့ နည်းနည်းကြမ်းတယ်ဗျ။ ခွင့်ပြု၊ ခွင့်မပြုနဲ့ သရုပ်ဆောင်တွေရဲ့ အနေအထား ကိုလည်း ကြည့်ရဦးမယ်။ ဒီဇာတ်က ကျွန်တော်ကြိုက်ပြီး သိမ်းထားတဲ့ ဇာတ်လမ်းလေး တစ်ခုပါ။ “လိင် တူချစ်သူ” Myanmar Media-7 ဆိုတာ ကလည်း ယောက်ျားလေး နှစ်ယောက်ရဲ့ သံယောဇဉ်ပေါ့။ သူ များတွေ ထင်သလို လိင်တူချစ်သူတွေ မဟုတ်ပါဘူး။ ဇာတ်လမ်းက နာဂစ်ကို အခြေခံထားတယ်။ နာဂစ်မှာ သူတို့ ရဲ့မိသားစုဝင်တွေ က သေဆုံးသွားတယ်။ သူတို့ နှစ်ယောက်တည်း ကျန်ခဲ့တယ်။ သူတို့တွေက သူ ငယ်ချင်းတွေ၊ ပေါက်စီတစ်လုံး လုလာရင် တောင် နှစ်ယောက်အတူတူ ခွဲစားခဲ့ကြပြီး အရမ်းချစ်ကြတဲ့ သူ ငယ်ချင်းနှစ်ယောက် ဇာတ်လမ်းမျိုးပါ။ သူတို့ကို လိင်တူချစ်သူလို့ ထင်ကြပေမယ့်။
တကယ်တော့ အရမ်း ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ အဲဒီဇာတ်လမ်းလေးက လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက ရေးထားတဲ့ ဇာတ်လမ်းလေးပါ။ သေချာ ပြင်ဆင်ပြီးမှ ရိုက်မှာပါ။ ဆက်တင်တွေက တကယ့် ကို မြင်တွေ့ရခက်တဲ့ အိုင်ဒီယာမျိုး၊ အသွင်မျိုး၊ မထင်မှတ်ထားတဲ့ ဇာတ်အိမ်မျိုး ရိုက်ပြသွားမယ်လို့ ရည် ရွယ်ထားပါတယ်ဟု ဦးဝေမင်းမောင်က ပြောသည်။ အဆိုပါ “လိင်တူချစ်သူ ဟု ယာယီ အမည်ပေးထား သည့် ထိုဇာတ်ကားကို သရုပ်ဆောင်မင်းသားများကို သေချာ ရွေးချယ် ပြီး ညှိနှိုင်း၍ ရိုက်ကူး သွား မည် ဖြစ်ကြောင်း၊ ဇာတ်ညွှန်းကို စာရေးဆရာ မိုးစက်ဝိုင်မှ ရေးသားထားကြောင်း သိရသည်။
Messenger

မှတ်ချက်များ