အလယ်တန်းပညာရေး အခမဲ့မသင်မနေရစနစ် ပြဋ္ဌာန်းရင် ကလေးလုပ်သား ပပျောက်မည်

မြန်မာနိုင်ငံမှာ အလယ်တန်းပညာရေး အခမဲ့ မသင် မနေရစနစ်ကို အမြဲတမ်းဆောင်ရွက်မှသာ ခလေးအ လုပ်သမားတွေနဲ့ ဆင်းရဲမွဲတေမှုကြောင့် ကျောင်းမ တတ်နိုင် သူတွေ ပပျောက်သွားမယ် လို့ မြန်မာ့ပညာ
ရေး အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မူလတန်းပညာရေးအခမဲ့မသင်မနေ ရစနစ် ကို ပြဋ္ဌာန်းလိုက်ပြီး ၂၀၁၄ ခုနှစ်မှာ အလယ် တန်းပညာရေးကိုပါ အခမဲ့စနစ်လုပ်ဆောင်ခဲ့ပေမယ့် စာမသင်မနေရစနစ်ကို ၉ နှစ်တာ ကာလလုံး ကျင့်သုံးနိုင်မှသာ ကလေးတယောက်အတွက် စာတတ်
မြောက်မှုနဲ့ ကလေး အလုပ်သမားအဖြစ် ခိုင်းစေခံရမှု လွတ်ကင်းနိုင်မှာ ဖြစ်တယ်လို့ ပညာရေး စနစ် ပြု
ပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (အန်အန်အီးအာ) အဖွဲ့ဝင် ဒေါ်သူသူမာ က ပြောပါတယ်။

“အစိုးရက ထုတ်ပြန်တဲ့ ပညာရေးဥပဒေမှာ မူလတန်း မသင်မနေရ အခမဲ့ပညာရေးကို အကောင်အ ထည် ဖော်ပြီးတော့ အဆင့်ဆင့်တိုးချဲ့သွားမယ်လို့ ပါတယ်။ ဒါပေမယ့် အခမဲ့ မသင်မနေရ ပညာရေးက အနည်းဆုံး အလယ်တန်းပြီးဆုံးတဲ့ အသက် ၉ နှစ်အထိ နိုင်ငံတော်က တာဝန်ယူသင့်တယ်။ ဒါမှ ကလေးစစ် သားတွေ၊ ကလေးအလုပ်သမားတွေနဲ့ ဆင်းရဲမွဲတေမှုကြောင့် ကျောင်းမတက်နိုင်တဲ့ ကိစ္စရပ်တွေကိုပါ အများကြီး ကူညီပေးသွား နိုင်တယ်။”

အလယ်တန်းပညာရေး အခမဲ့မသင်မနေရစနစ်ကို ရေရှည်လုပ်ဆောင်ဖို့ လိုအပ်ပြီး ဆင်းရဲမွဲတေ မှုကြောင့် ကျောင်းမတတ်နိုင်သူဦးရေ တိုးမြှင့်လာမှုကိုလည်း အစိုးရတာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းဆောင် ရွက်ဖို့ လိုတယ်လို့ လွတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က သုံးသပ်ထား ပါတယ်။

“လူတယောက်ရဲ့ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့ ပညာရေးကို ဖြည့်ဆည်းပေးရမှာက နိုင်ငံတော်ရဲ့ တာဝန်။ လူတယောက်ဟာ ဒီနိုင်ငံမှာ မွေးလာပြီဆိုတာနဲ့ တပြိုင်နက် သူသည် အခမဲ့ မသင်မနေရ မူလတန်းပ ညာရေး၊ အခု ဥပဒေအရဆိုင်ရင် မူလတန်းပညာရေး ပေါ့။ ကျမတို့ တောင်းနေတာက အလယ်တန်းပ ညာရေးပေါ့။ အဲဒီ အလယ်တန်းပညာရေး အဆင့်အထိကို သူရအောင် သူ့ကို နိုင်ငံတော်က လုပ်ပေးရမယ်။ ဒါနိုင်ငံတော်ရဲ့ တာဝန်ပဲ။ အဲဒါကို မလုပ်ပေးနိုင်ဘူးဆိုရင် အဲဒီအစိုးရက အစိုးရမလုပ်နဲ့။ တခြားနိုင်ငံက အစိုးရတွေ လုပ်ပေးနိုင်ရင် ဘာလို့ ဒီနိုင်ငံအစိုးရ မလုပ်နိုင်ရမှာလဲ။”

မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုကြောင့် ကလေးစစ်သားနဲ့ ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံရမှု တိုးမြှင့် လာနေပါတယ်။ ဒီလိုအခြေအနေတွေက လွန်မြောက်ဖို့အတွက် အနာဂတ် ပညာရေးစနစ်ကို အဆင့်မြှင့် တင်ဖို့ လိုအပ်တယ်လို့လည်း ပညာရှင်တွေက ထောက်ပြကြပါ တယ်။

DVB

မှတ်ချက်များ