တရုတ်နိုင်ငံတွင် စက်ရုံပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၆၅ ဦးသေဆုံး

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်စူး ခရိုင်ထဲမှာ ရှိတဲ့ စက်ရုံ တရုံမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပြီး လူအနည်းဆုံး ၆၅ ယောက် သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာရသွားပါ တယ်။

ခွန်ဆန်မြို့မှာ သြဂုတ်လ ၂ ရက်နေ့ မနက်ပိုင်း က ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ အစိုးရပိုင်းက ပြောပါတယ်။ ဆက်လက်စုံစမ်းနေဖြစ်လို့ အသေအပျောက် ကိန်းဂ ဏန်းတချို့ အပြောင်းအလဲ ရှိနိုင်ပါတယ်။

မနက် ၇ နာရီခွဲကျော်မှာ ကားစက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ အစိုးရအရာ ရှိတွေကို ကိုးကားပြီး ဆင်ဟွာသတင်းက ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ စက်ရုံမှာ အလုပ်သမား ၄၅၀ ရှိပြီး General Motors တို့လို အမေရိကန် ကားကုမ္ပဏီ ရဲ့ ဖောက်သည် ဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗွီသတင်းက ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ အလုပ်သမား ၂၀၀ ကျော် အလုပ်လုပ်နေပြီး ၄၀ က ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

DVB

မှတ်ချက်များ