ဂါဇာမှာ တိုက်ခိုက်မှုတွေ ပြန်လည် စတင်





ဂါဇာ ဒေသမှာ အပစ်ရပ်ထားတဲ့ အချိန် ပြည့်ဖို့ နာရီပိုင်း အလိုမှာပဲ ဂါဇာဘက်က ရော့ကက် ဒုံးကျည်နဲ့ ပစ်ခတ်လို့ တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေး လေကြောင်း တိုက်ခိုက်မှုတွေ ပြန်စနေပြီလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

တနင်္လာနေ့ ညက ၅ ရက်ကြာ အပစ်ရပ်ထားချိန် ပြည့်သွား ခဲ့ပြီးနောက် နောက်ထပ် ၂၄ နာရီ ထပ်တိုးဖို့ သဘောတူခဲ့ကာ အစ္စရေးနဲ့ ပါလက်စတိုင်း ဆက်လက် ညှိနှိုင်း ဆွေးနွေးနေချိန်မှာ ခုလို တိုက်ခိုက်မှုတွေ ပြန်စတာ ဖြစ်ပါတယ်။
အစ္စရေး မြို့ ၂ မြို့ ဖြစ်တဲ့ Beersheba နဲ့ Netivot မြို့တွေကို ဒုံးကျည် ၃ ခု ကျရောက်ခဲ့တာဟာ အပစ်ရပ် သဘောတူညီမှုကို ဂါဇာဘက်က တိုက်ရိုက် ချိုးဖောက်လိုက်တာ ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။
ဇူလိုင် ၈ ရက် နောက်ပိုင်း တိုက်ခိုက်မှုတွေကြောင့် လူ ၂၀၈၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ကာ သေသူ အများစုက ပါလက်စတိုင်းတွေ ဖြစ်ပါတယ်။

BBC

မှတ်ချက်များ