ယူကရိန်းက ဒုက္ခသည်ကားတန်း ပစ်ခတ်ခံရ လူပေါင်း ဒါဇင်နဲ့ချီ သေဆုံး

ယူကရိန်းအရှေကဘက်ခြမ်းမှာ ရုရှားထောက်ခံသူနေနဲ့ ယူကရိန်းအစိုးရကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ (Credit: Reuters)
ယူကရိန်းနိုင်ငံ ​အရှေ့ပိုင်းမှာ ​သွားလာနေတဲ့ ​ဒုက္ခသည်ကားတန်းတစ်ခု ​တိုက်ခိုက်ခံရတဲ့အတွက် ​လူပေါင်း ​ဒါဇင်နဲ့ချီ ​သေဆုံးခဲ့ရတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​ကုလသမဂ္ဂက ​ဝေဖန်မှုတွေ ​လုပ်လိုက်ပါတယ်။

အမျိုးသမီးနဲ့ ​ကလေးငယ် ​စစ်ပြေး ​ဒုက္ခသည် ​အများအပြား ​ပါဝင်တဲ့ ​ယာဉ်တန်းကို ​ရုရှားကို ​ထောက်ခံတဲ့ ​သူပုန်တွေက ​တိုက်ခိုက်ခဲ့တာလို့ ​ယူကရိန်း ​စစ်တပ်က ​ပြောပါတယ်။

ရုရှားကို ​ထောက်ခံတဲ့ ​သူပုန်တွေကတော့ ​အဲဒီ ​စွပ်စွဲချက်ကို ​ငြင်းဆိုထားပါတယ်။

အခုအချိန်အထိ ​အဲဒီ ​လက်နက်ကို ​ဘယ်ဘက်က ​ပစ်ခတ်သလဲ ​ဆိုတာ ​မသိရသေးဘူးလို့ ​အမေရိကန် ​နိုင် ငံခြားရေး ​ဌာနရဲ့ ​ပြောခွင့်ရ ​ပုဂ္ဂိုလ် ​Marie ​Harf ​က ​ပြောပါတယ်။

အဲဒီယာဉ်တန်းဟာ ​Luhansk ​ဒေသက ​စစ်ပြေး ​ဒုက္ခသည်တွေ ​ဖြစ်ကြပြီး ​စစ်ဘေးကို ​ရှောင်တိမ်းရာက ​စစ်ရဲ့ ​ဓားစာခံဘဝ ​ရောက်သွား ​ရသူတွေ ​ဖြစ်ပါတယ်။ ​ဒီလို ​အပြစ်မဲ့တဲ့ ​လူတွေကို ​ဘက်ပေါင်းစုံက ​သတိနဲ့ ​လုပ်ဆောင်ပြီး ​ကာကွယ်မှုတွေ ​လုပ်ဆောင်ရပါမယ်။ ​ဒီတိုက်ခိုက်မှုနဲ့ ​ပတ်သက်ပြီး ​ဘယ်သူရဲ့ ​လက် ချက်ဖြစ်တယ်ဆိုတာ ​မသိရသေးပါဘူး။

အမေရိကန်နိုင်ငံခြားရေးဌာနက ​ပြောခွင့်ရပုဂ္ဂိုလ်က ​ပြောသွားတာဖြစ်ပါတယ်။ ​အဲဒီ ​ဒုက္ခသည်ယာဉ်တန်း ဟာ ​မော်တာကျည်တွေ၊ ​ရော့ခ်ကက် ​ဒုံးကျည်တွေနဲ့ ​တိုက်ခိုက်ခံခဲ့ရတာ ​ဖြစ်ပါတယ်။

ABC Radio Australia

မှတ်ချက်များ