ဦးစံလင်းတစ်ယောက် နတ်နဲ့နဂါးကို လှည့်ဖျားနေတာလား
အငြင်းပွားဖွယ်ရာ ဓမ္မစေတီခေါင်းလောင်း ရှာပုံတော်အရေး မြန်မာနည်း မြန်မာ့ဟန်နဲ့ ဆယ်ယူရာမှာ အဂ္ဂဝိ ဇ္ဇာနည်းအရ နောက်ဆုံးအဆင့်ကို ရောက်နေတာကြောင့် ခေါင်းလောင်းနဲ့ပတ်သက်တဲ့ သတင်းတွေ ထုတ်
ပြန်ဖို့ မရှိဘူးလို့ ခေါင်းလောင်ရှာဖွေရေး ကြီးကြပ်တဲ့အဖွဲ့က သြဂုတ် ၂၉မှာ ပြောဆိုခဲ့ပါတယ်။
ပွင့်လင်းမြင်သာမှုမရှိတဲ့ ဒီခေါင်းလောင်းရှာဖွေမှု မြန်မာပြည်သူ အလိမ်ခံနေရတာလား။
ခေါင်းလောင်းရှာဖွေမှုနဲ့ နီးကပ်တဲ့သာကေတရှုခင်းသာတဝိုက် နေ့စဉ်လူတွေ ထောင်နဲ့ချီ စောင့်ကြည့်နေဆဲ
ဖြစ်ပြီး နတ်တွေ၊ နဂါးတွေ၊ ဂန္ဘီရတွေ၊ ဝိဇ္ဇာတွေအကြောင်း ကောလဟာလမျိုးစုံ ပေါ်ထွက်ခဲ့တာဟာ ရှာဖွေ သူ ဦးစံလင်းက နဂါးသိုက်စောင့်ရှောက်ထားတဲ့ ဓမ္မစေတီခေါင်းလောင်း ရှာတွေ့ပြီလို့ ကြေညာချက်ထုတ်ခဲ့ ချိန်မှာပဲ ဖြစ်ပါတယ်။
ယုဇနဥယျာဉ်မြို့တော်ကနေ ရန်ကုန်မြစ်ကမ်းနားအထိ ခေါင်းလောင်းအကြောင်း စိတ်ဝင်တစား လာကြည့် တဲ့ ကိုဝေဖြိုးအောင်က နဂါးကို ဖမ်းမိထားတယ်ဆိုလို့ လာကြည့်တာလို့ပြောပါတယ်။ ခေါင်းလောင်းကို တွေ့
ပြီလို့ကြေညာပြီး ခေါင်းလောင်းတည်ရှိရာနေရာကို အတိအကျ သက်သေမပြနိုင်တဲ့အတွက် သူက သံသယ ရှိနေပါတယ်။
ရွှေပြည်သာမှာ နေထိုင်တဲ့ ကိုမင်းဇော်ကတော့ မြန်မာ့နည်းမြန်မာ့ဟန်ဆိုတဲ့ ဘိုးတော်နည်းတွေနဲ့ ဆယ်ယူ တာကို အပြည့်အဝယုံကြည်နေသူပါ။ ဆယ်ယူနိုင်လို့ အောင်မြင်ရင်တော့ ကမ္ဘာကပါ အံ့သြသွားမှာပါလို့
ပြောပါတယ်။
ဓမ္မစေတီခေါင်းလောင်း ရှာဖွေတဲ့နေရာမှာ နဂါးပေါ်လာတယ်ဆိုတဲ့ ကောလဟာလတွေကြောင့် လာကြည့်
သူတွေ ပိုများလာပြီး ပိတ်ရက်တွေမှာတော့ တစ်သောင်းကျော်လောက်ရှိနေပါတယ်။ မြန်မာ့နည်းမြန်မာ့ ဟန်နဲ့ဆယ်ရင် နေ့ချင်းညချင်း မဖြစ်ဘဲ တကယ်လို့ ဆယ်နိုင်ပြီဆိုရင်တော့ အခုအချိန် ကုန်းပေါ်ရောက်
နေပြီလို့ ဦးလှတင့်က ပြောပါတယ်။
ဓမ္မစေတီခေါင်းလောင်း ရှာဖွေမှု နောက်ဆုံးရက်ဖြစ်တဲ့ သြဂုတ် ၂၆မှာတော့ ခေါင်းလောင်းတွေ့ပြီလို့ ဦးစံ လင်းက အငြင်းပွားဖွယ်ရာ ကြေညာခဲ့ပြီး ကမ္ဘာ့သတင်းမီဒီယာတွေမှာ နဂါးတွေအကူအညီနဲ့ မြန်မာတွေ
ခေါင်းလောင်ဆယ်မယ်ဆိုတဲ့ ဟာသဆန်ဆန် ဖော်ပြတာခံနေရပါတယ်။ ရှာဖွေမှုကို နောက်ထပ် ၁၇ရက် တိုးလိုက်တယ်လို့ဆိုပေမယ့် သတင်းမီဒီယာတွေကို သတင်းအမှောင်ချထားပြီး ကောလဟာလတွေနဲ့ ရှာဖွေမှုကို ဆက်လုပ်နေပါတယ်။
kamayutmedia

မှတ်ချက်များ