ဘုန်းကြီးကျောင်းသို့ အရက်သောက်စားပြီး မလာရန် တားမြစ်ပြောဆိုသူကို ပန်းအိုးဖြင့်ရိုက်နှက်ခဲ့၍ သေဆုံး

၎.၈.၂၀၁၄ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် လှိုင်သာ ယာမြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ ဘုန်းကြီး ကျောင်း တိုက်နေ ဘုန်းကြီးကျောင်းသားဖြစ်သူ ကိုခိုင်ဇော် သည် ကျောင်းတိုက်၏ အရှေ့ဘက်မှ ရန်ဖြစ်သံ ကြား၍ သွားရောက်ကြည့်ရှု ခဲ့ပါသည်။

ထိုသို့သွားရောက်ကြည့်ရှုခဲ့ရာ ကျောင်းဝင်းအတွင်း သံမံသလင်းပေါ်၌ ဘုန်းကြီးကျောင်းသားဖြစ်သူ ကိုခင်ဌေး၊ (၂၇)နှစ်မှာ နှုတ်ခမ်းဝဲဘက်၊ ၀ဲပါး၊ ၀ဲမျက်ခုံးနှင့် ၀ဲချိုစောင်းတို့တွင် သွေးထွက်ပေါက်ပြဲ ဒဏ်ရာ များနှင့် အပေါ်သွား (၃)ချောင်းကျိုးဒဏ်ရာများရရှိကာ လဲကျနေပြီး အနီးတွင် ဘုန်းကြီးကျောင်းသို့ မကြာခ ဏလာရောက်အိပ်တတ်သူ ရွှေလင်ဗန်းကျေးရွာနေ ငဖြိုး၊ (၂၃)နှစ်၊ (ဘ)ဦးစိန်မြိုင်အား တွေ့ရှိ သဖြင့် မေးမြန်းရာ ငဖြိုးသည် အရက်မူးယစ်ပြီး ဘုန်းကြီးကျောင်းသို့လာရောက်သည်ကို ကိုခင်ဌေးမှ အရက်သောက်စားပြီး မလာရန်ပြောဆိုရာမှ ၎င်းတို့(၂)ဦး စကားများရန်ဖြစ်စဉ် ငဖြိုးမှ အချင်း(၄) လက်မခန့် အမြင့်(၁)ပေခန့်ရှိ ဖန်ဘုရားပန်းအိုးဖြင့် ကိုခင်ဌေးအား ရိုက်နှက်ခဲ့၍ ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဒဏ်ရာရရှိသူ ကိုခင်ဌေးအား လှိုင်သာယာဆေးရုံသို့တင်ပို့ခဲ့ရာ ဆေးရုံ အရောက်၌ သေဆုံးသွားခဲ့သဖြင့် ငဖြိုးအား အရေးယူပေးရန် ကိုခိုင်ဇော်မှ တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ ငဖြိုးအား လှိုင်သာယာမြို့မရဲစခန်း(ပ)၁၀၉၅/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

မှတ်ချက်များ