![]() |
| Photo by DVB |
မြန်မာမှ ယှဉ်ပြိုင်မည့် အားကစား (၁၀) မျိုးမှာ ၀ူရှူး၊ မြှားပစ်၊ ပြေးခုန်ပစ်၊ ဂျူဒို၊ ပိုက်ကျော်ခြင်း၊သေနတ်ပစ်၊ တိုက်ကွမ်ဒို၊ အလေးမ၊ နပန်းနှင့် ဘော်လီဘောတို့ ဖြစ်သည်။
(၁၇) ကြိမ်မြှောက် အာရှအားကစားပွဲတော်ကို တောင်ကိုးရီယားနိုင်ငံ အင်ချွန်းမြို့တွင် စက်တင်္ဘာလ ၁၉ ရက်နေ့မှ အောက်တိုဘာလ ၅ နေ့ထိ (၁၅) ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာအနေဖြင့် ပထမပိုင်းတွင် အားကစားနည်းပေါင်း (၁၃) မျိုးဖြင့် ၀င်ရောက် ယှဉ်ပြိုင် စီစဉ် ထားခဲ့သော် လည်း နောက်ပိုင်းတွင် (၁၀) မျိုးဖြင့်သာ ၀င်ရောက် ယှဉ်ပြိုင်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု သက်ဆိုင်ရာ တာ ၀န်ရှိသူ တစ်ဦးက ပြောသည်။
(၁၇) ကြိမ်မြှောက် အာရှအားကစားပွဲတော်တွင် အားကစားနည်းပေါင်း (၃၆) မျိုးကို ထည့်သွင်းကျင်းပသွား မည် ဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ | ပေသီး

မှတ်ချက်များ