လူမှုကွန်ယက်စာမျက်နှာတွင် အင်္ဂလိပ်စာ သင်ခန်း စာများ ပို့ချပေးသည့် အမေရိကန်နိုင်ငံသား ဦးမောင်မောင်ဝမ်းကို မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ် အင်္ဂလိပ်စာ ပညာဒါနသင်၍ လူဝင် မှုကြီး ကြပ်ရေး ဦးစီးဌာနက မကွေးတိုင်း ရေ နံချောင်းမြို့မှ ရန်ကုန်သို့ ညတွင်းချင်း ခေါ်ဆောင် လာကာ သြဂုတ်လ ၆ရက် နံနက်တွင် အနီးစပ် ဆုံးလေယာဉ်ဖြင့် အမေရိကန်နိုင်ငံ သို့ ပြန်လည် ထွက်ခွာနိုင်ရန် စီစဉ်မည်ဟု ဦးမောင်မောင်ဝမ်းက မဇ္ဈိမကို ပြောသည်။
“လဝကက အခုလာခေါ်တော့မယ်။ အခုထွက်တော့မှာ။ လဝကတွေနဲ့ပဲသွားရမှာ။ ရန်ကုန်ကနေ မင်္ဂလာ ဒုံလေဆိပ်ကို တိုက်ရိုက်ပို့မှာ။ ဖြစ်နိုင်တာကတော့ ထိုင်းကိုပို့ဖို့များပါတယ်။ အဓိကတော့ ဆရာတို့ ဗီဇာတွေ က အခမဲ့ပဲဖြစ်ဖြစ်၊ အခနဲ့ပဲဖြစ်ဖြစ် ဘာမှလုပ်လို့မရဘူးဆိုတဲ့ အကြောင်းပြချက်ပေါ့။ အခွင့်မရှိဘဲ ပညာဒါန သင်ပေးလို့ပေါ့”ဟု ဦးမောင်မောင်ဝမ်းက သြဂုတ်လ ၅ရက် ည ၁၀နာရီ ၃၀ခန့်က မဇ္ဈိမကို တယ်လီဖုန်းမှ တစ်ဆင့်ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
ဦးမောင်မောင်ဝမ်းသည် ရေနံချောင်းမြို့နယ် မဲထီးဘုန်းကြီးကျောင်း (TOFLA သင်တန်းကျောင်း)တွင် သြဂုတ်လ ၄ရက်က အင်္ဂလိပ်စာ ပညာဒါန သင်ကြားနေစဉ် ရေနံချောင်း လဝကက စာသင်ကြားခြင်းကို လာရောက်တားမြစ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၅ရက် ညတွင် ရန်ကုန်မှတစ်ဆင့် အမေကန်နိုင်ငံသို့ ပြန်လည် ထွက်ခွာရန် နှင့် ရန်ကုန်လေဆိပ်သို့ လိုက်လံပို့ဆောင်မည်ဖြစ်ကြောင်း လာရောက်အကြောင်း ကြားခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ခံယူထားသည့် ဦးမောင်မောင်ဝမ်းသည် မြန်မာနိုင်ငံသို့ Social Visaဖြင့် လာရောက်ခြင်းဖြစ်၍ Social Visa ၏ သဘောသဘာဝအရ လူမှုရေးကိစ္စ မိသားစုနှင့် တွေ့ဆုံခြင်း ၊ ဆွေ မျိုးသားချင်း၊ မိတ်ဆွေများနှင့် တွေ့ဆုံခြင်း၊ အလည်အပတ် သွားခြင်းမျှသာခွင့်ပြုမည်ဖြစ်ပြီး အခကြေးငွေ ယူ၍ ဖြစ်စေ၊ အခကြေးငွေ မယူသည်ဖြစ်စေ စာသင်ကြားခွင့်မရှိဟု လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန စီမံ ကိန်းဌာနက အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
“မြန်မာနိုင်ငံမှာ မြန်မာစစ်စစ်တစ်ယောက်က ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အကျိုးပြုဖို့ ပြန်လာတာ ကိုတောင် အောက်တန်းကျ ညစ်ပတ်တဲ့ လုပ်ရန်မျိုး လုပ်မယ်ဆိုရင် နိုင်ငံတကာမှာရော၊ မြန်မာအသိုင်းအ ဝိုင်းမှာရော ဘယ်တော့မှ အယုံအကြည်ရှိမှာမဟုတ်ဘူးဆိုတာ ဒီအစိုးရကို သိစေချင်ပါတယ်”ဟု ဦးမောင်မောင်ဝမ်းက မှတ်ချက်ပြုသည်။
ဦးမောင်မောင်ဝမ်းက မြန်မာနိုင်ငံသို့ ဇွန်လ ၅ရက်က ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်းက ဖွင့်လှစ်ထားသည့် သုခအလင်း ပညာဒါနကျောင်းအပါအဝင် နေရာအချို့တွင် အင်္ဂလိပ်စာ အခမဲ့ ပို့ချခဲ့ ပြီး ရေနံချောင်းတွင် သြဂုတ် ၄ရက်မှ ၉ရက်အထိ ပို့ချရန် စီစဉ်ထားသော်လည်း ပထမနေ့၌ပင် တားမြစ်ခံခဲ့ ရသည်။ ထို့ပြင် သြဂုတ် ၁၆ရက်တွင် မန္တလေးမြို့၌ ပညာဒါန ပို့ချရန် စီစဉ်ထားသေးသည်။
၎င်းက အမေရိကန်နိုင်ငံသို့ စက်တင်ဘာ ၂ရက်တွင် ပြန်လည်ထွက်ခွာရန် မူလက စီစဉ်ထားခဲ့သည်။
mizzima
ပင်မ
/
အင်္ဂလိပ်စာအခမဲ့ပို့ချသည့် အမေရိကန်နိုင်ငံသား ဦးမောင်မောင်ဝမ်းကို ညတွင်းချင်း ရေနံချောင်းမှ ရန်ကုန်လေဆိပ်တန်းပို့မည်

မှတ်ချက်များ