ဆီးချိုရောဂါ ကုသဆေးများက ဆီးချိုရောဂါမရှိသူများအတွက်ပင် အကျိုးရှိ

ဆီးချိုရောဂါအတွက် သုံးစွဲရန် ညွှန်ကြားလေ့ရှိသော ဆီးချိုရောဂါကုဆေးဝါး မက်ဖော်မင်ဖြင့် ကုသသော လူနာများမှာ ဆီးချို ရောဂါမရှိသူများထက်ပင် ရှည် ကြာစွာ အသက်ရှင်နေထိုင်နိုင်ကြောင်း လူပေါင်း ၁၈၀,၀၀၀ပါဝင်သည့် လေ့လာမှုတစ်ရပ်က ဖော်ပြ သည်။ ယင်းဆေးဝါးကို သုံးစွဲခြင်းဖြင့် ကင်ဆာရော ဂါနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကာ ကွယ်နိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိ ပြီး ဆီး ချိုရောဂါ မရှိသူများအတွက်ပင် အံ့သြစ ရာကောင်းလောက်အောင် ကျန်းမာရေးအ ကျိုးကျေးဇူးများ ပေး စွမ်းနိုင်ကြောင်း သုတေသနပြုချက်အရ သိရသည်။

ဆီချိုရောဂါရှင် မဟုတ်သူများနှင့် နှိုင်းယှဉ်ပါက မက်ဖော်မင်ဆေးဖြင့် ကုသသောလူနာများ အသက် ရှင်နိုင်ခြေမှာအရေအတွက်နည်းပါးသော်လည်း သိသိသာသာ တိုးတက်မှုရှိကြောင်း ကားဒစ်ဖ်ဆေး တက္ကသိုလ်ပါမောက္ခ ကရိတ်ကာရီက ပြောသည်။

အသုံးများသော အခြားဆီးချိုရောဂါကု ဆေးဆူလ်မိုနီလူရီယာဖြင့် ကုသသောလူနာများမှာ ဆီးချိုရောဂါရှင် မဟုတ်သူများနှင့် နှိုင်းယှဉ်ပါက အသက်ရှင်နိုင်မှုနှုန်းမှာ တစ်သမတ်တည်း လျော့ကျမှုရှိကြောင်း ၎င်း က ပြောသည်။ ယင်းဆေးဝါးဖြင့်ကုသသော ရောဂါရှင်များမှာ ရောဂါပိုဆိုးလာပြီး ပိုမိုအားပြင်းသည့်ကုသ မှုဖြင့် ပြောင်းလဲကုသရမည်ဖြစ်ကာ ဆီးချိုရောဂါ ဖြစ်ပွားလျှင် ၎င်းတို့၏ အသက်ရှင်သန်နိုင်မှုမှာ ပျမ်းမျှ ရှစ်နှစ်ခန့် လျှော့ချသွားကြောင်း မစ္စတာကာရီက ပြောသည်။

ယင်းအခြေအနေများကို ရှောင်လွှဲနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုးပုံမှန် စွဲစွဲမြဲမြဲလုပ်ခြင်းပင်ဖြစ်သည်ဟု ၎င်းကအကြံပေးသည်။

ယင်းလေ့လာမှုအရ မက်ဖော်မင်ဆေးမှာ ဆီးချိုရောဂါရှင်မဟုတ်သူများအတွက် ရောဂါကြိုတင်ကာ ကွယ်ခြင်းနှင့် ရောဂါဖြစ် နိုင်ခြေရှိခြင်းကို တားဆီးနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။ မက်ဖော် မင်ဆေးမှာ ဈေးသက်သာပြီး ဆီးချိုရောဂါအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော ဆေးဖြစ်ကာ ကင်ဆာရောဂါနှင့် နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကာကွယ်နိုင်သဖြင့် ကျန်းမာနေသူများအတွက်ပင် ကျန်းမာရေးအကျိုးကျေးဇူးများ ပေးစွမ်းနိုင်သည်။

သို့သော် ယင်းဆေးဝါး၏ ဘေးထွက်ဆိုးကျိုးနှင့် ကျန်းမာသူများ အပေါ် ထိခိုက်နိုင်မှုတို့ကို သိရှိရေး ဆက် လက်စမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်သေးကြောင်း သုတေသီများက ပြောကြားပြီး ယင်းဆေးဝါးကို ဆက် လက်စမ်းသပ်စစ်ဆေးခြင်း မပြုလုပ်မီ ဆီးချိုရောဂါရှင်များအား အကန့်အသတ်ဖြင့်သာ တိုက်ကျွေး သင့်ကြောင်း သုတေသီများက အကြံပေးထားသည်။

7day

မှတ်ချက်များ