ကလေးငယ်တစ်ဦးကို ၆၇ ချက် ရိုက်ခဲ့သော ဆရာတစ်ဦး အလုပ်မှထုတ်


အိန္ဒိယ နိုင်ငံတွင် ကလေးငယ် တစ်ဦးကို ၆၇ ချက်ရိုက်ခဲ့သော ဆရာတစ်ဦး အလုပ်မှ ထုတ်ပယ်ခြင်း ခံခဲ့ရပြီး ယင်းဖြစ်ရပ်ကြောင့် ဆရာများ အသင်းက ဒေါသ ထွက်ခဲ့ကြကာ ၎င်းဆရာကို အရေးယူ ပေးရန်တောင်း ဆို နေကြသည်ဟု သြဂုတ်လ ၂၉ ရက်က သည်တိုင်းမ်အော့ဖ် အိန္ဒိယ သတင်းတစ်ရပ်တွင် ဖော်ပြ ထား သည်။

အိမ်စာကို အချိန်မီ ပြီးစီးအောင် မလုပ်ခဲ့သော ကျောင်းသား တစ်ဦးကို အဆက်မပြတ် ရိုက်နှက် ခဲ့သည် ကို ကျောင်းသား မိဘများ ကတိုင်ကြား ခဲ့သောကြောင့်အစိုးရ ကျောင်းမှ ဆရာတစ်ဦး ဖြစ်သူ အေမစ်ဆင်း ရိုဟိလာအား ကျောင်းအာဏာပိုင် များ က ကျောင်းမှ ထုတ် ပယ် ခဲ့သည်။ ခုနှစ်တန်း အရွယ် ကျောင်းသား တစ်ဦး၏ အဖြစ်အပျက်ကိုအတန်းဖော် ကျောင်းသားများ က ရေငုံ နှုတ်ပိတ်ကာကြည့်ရှု ခဲ့ကြ ရသည်။

အချို့ ကျောင်းသားများသည် ၎င်းရိုက်ခံ ရသည့် အချက်အရေအတွက်ကို လိုက်လံ မှတ်သား ထားပြီး ၎င်းကို ၆၇ ချက် ရိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့ကြသည်။

ရိုက်ခံရသော ကျောင်းသားက အချက်ပေါင်းများစွာ ရိုက်ခံရခြင်းကို ၁၃ရက်တိုင် မည်သူမှကို ပြောကြား ခဲ့ခြင်း မရှိသောကြောင့် ယင်းအဖြစ်အပျက်သည် ပေါ်လွင် ထင်ရှား ခဲ့ခြင်း မရှိချေ။ ဗန်ခ်ျဟု အမည်ရ သည့်၎င်းကျောင်းသားသည် ဒေသခံ လက်ဝက် ရတနာကုန်သည် ဒီပက်ခ် အေဂါဝယ်လ်၏ သားဖြစ် သည်။၎င်းသည် ကွီလာ ဒေသရှိ အစိုးရ ကျောင်းတွင် တက်ရောက် နေသူ တစ်ဦး ဖြစ်သည်။

ဗန်ခ်ျ သည် ၎င်း၏ ရေငုံနှုတ်ပိတ်နေမှုများကို နောက်ဆုံး၌ သူငယ်ချင်းဖြစ်သူအားဖွင့်ဟပြောဆိုခဲ့သည်။ ထို့နောက် အဆိုပါ သူငယ်ချင်းဖြစ်သူကယင်းအဖြစ်အပျက်ကို အရိုက်ခံရသူကျောင်းသား၏ မိဘများသို့ သွားရောက်ပြောကြားခဲ့ရာမှ မိဘများ သိရှိသွားခဲ့ခြင်း ဖြစ်သည်။

mizzima

မှတ်ချက်များ