မိုဟာမက်အလီရဲ့ လက်အိတ်ကို ဒေါ်လာ ၄ သိန်းနီးပါးနဲ့ လေလံဆွဲ


၁၉၇၁ ခုနှစ်က ဂျိုးဖရေဇာနဲ့ ထိုးသတ်ခဲ့တဲ့ ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ပွဲမှာ မိုဟာမက် အလီ ၀တ်ဆင်ခဲ့တဲ့ လက်အိတ်ကို အမည်မဖော်လိုသူ တစ်ဦးက ဒေါ်လာ ၃ သိန်း ၈ သောင်း ၈ ထောင်ကျော်နဲ့ လေလံ ဆွဲသွားခဲ့ပါတယ်။

ရာစုနှစ်ရဲ့ လက်ဝှေ့ပွဲလို့ သမုတ်ခဲ့ကြတဲ့ အဲဒီပွဲမှာ ဂျိုးဖရေဇာက မိုဟာမက် အလီကို အနိုင်ယူခဲ့ပြီး ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် ၁၉၇၄ နဲ့ ၁၉၇၅ ခုနှစ်တွေမှာတော့ မိုဟာမက် အလီက ဂျိုးဖရေဇာကို ပြန်လည် အနိုင်ယူခဲ့ကာ မိုဟာမက်အလီအတွက် အအောင်မြင်ဆုံး ကာလတွေအဖြစ် မှတ်တမ်း စိုက်ထူနိုင်ခဲ့ပါတယ်။


မိုဟာမက်အလီ ပထမဆုံး ချန်ပီယံဘွဲ့ ရရှိတဲ့ ပွဲမှာ ၀တ်ဆင်ခဲ့တဲ့ လက်အိတ်ကိုတော့ အရင်က ဒေါ်လာ ၈သိန်းကျော်နဲ့ လေလံတင် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

BBC Burmese

မှတ်ချက်များ