မွေးရာပါ သားအိမ်မပါတဲ့ မိန်းမချောလေး


သားအိမ်ခေါင်းမပါတဲ့ အမျိုးသမီးတဲ့။ လုံးဝအထူးအဆန်းကြီးပါပဲ။ မဖြစ်မနေ ဖတ်ရမယ့် သတင်းပါ။ အသက် (၁၉) နှစ်အရွယ် အမျိုးသမီးလေး Jacqui Beck မှာ မျိုးပွားမှုစနစ်နဲ့ သက်ဆိုင်တဲ့ ရှားရှားပါးပါး ရောဂါလက္ခ ဏာ တစ်ခုဖြစ်သော MRKH ရောဂါရှိလို့ နေပါတယ်။ နောက်ကျော နာကျင်ကိုက်ခဲမှုကြောင့် သူမရဲ့ဆရာ ဝန်ဆီ သွားပြခဲ့ပြီး သူမရဲ့ရာသီလာဖို့ အချိန်တန်နေပေမဲ့ ရာသီစတင်မလာသေးကြောင်း ပြောပြပြီး တဲ့ နောက်ပိုင်းမှသာ ၎င်းရောဂါရှိကြောင်း သိရှိခဲ့တာဖြစ်ပါတယ်။

သူမရဲ့ ရောဂါအခြေအနေနဲ့ သားအိမ်မရှိကြောင်း စမ်းသပ်မှုတွေက ဖော်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ လိင်အ င်္ဂါမပါတာ (သို့) ၎င်းအတွက်နေရာမှာ အချိုင့်လေးသာ ရှိနေတာဖြစ်တယ်။ ဆိုလိုတာက လိင်ဆက်ဆံလို့ မရတာရယ်၊ ကိုယ်ဝန်ဆောင်လို့ မရတဲ့ သဘောဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးရှိနေတဲ့ အမျိုးသမီးများ ဟာ အပြင်ပန်းကနေကြည့်ရင် လုံးဝ သာမန်လူတစ်ယောက်သာ ထင်ရပါတယ်။

အမျိုးသမီးတစ်ယောက် လိင်ဆက်ဆံဖို့ကြိုးစားမှု မရှိမချင်း (သို့) ရာသီမလာမချင်း သိလေ့သိထ မရှိပါဘူး။ သှူ့မှာ အဲဒီပြဿနာတစ်ခုရှိနေပြီဆိုရင်တော့ ဒါဟာ အချစ်ရေးမှာ မျှော်လင့်ချက်မဲ့နေသူ ဖြစ်သွားတာပေါ့။ လူတစ်ဦးရဲ့စိတ်ဓာတ်ကို အကြီးအကျယ် စမ်းသပ်မှုအတစ်ခုအနေနဲ့ မြင်ပါတယ်။

ယောက်ျားလေးတွေကို ဘေးဖယ်နေမယ့်အစား ကျွန်မအတွက် မှန်ကန်တဲ့ လက်တွဲဖော်ကို တွေ့ရှိအောင် အထောက်အကူဖြစ်စေမယ်လို့ တကယ်ထင်မြင်မိကြောင်း သူမကပြောဆိုခဲ့ပါတယ်။ ကျွန်မနဲ့ တွေဆုံတဲ့ ဘယ်အမျိုးသားမဆို ကျွန်မရဲ့အခြေအနေကို ပြောဆိုဖို့ အားနာနေစရာ မလိုမပါဘူး။ ကျွန်မက သူတို့ကို ကျွန်မရဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ ကျွန်မမှာဖြစ်နေတဲ့ အခြေအနေကြောင့်ခေါင်းစား မခံစေချင်ကြောင်း အဲဒီအမျိုးသမီးချောလေးက ပြောဆိုခဲ့ပါတယ်။

Trend Myanmar

မှတ်ချက်များ