စစ်ဘေးဒုက္ခသည်စခန်းများတွင် မူးယစ်ဆေးသုံးစွဲသူပိုများလာ


ကချင်ပြည်နယ်အနှံ့ တွင် ဒေသခံများက မူးယစ်ဆေး ဝါးသုံးစွဲရောင်းချသူများကိုဖမ်းဆီးသည့် လှုပ်ရှားမှုပြု လုပ်နေ သည့် စစ်ဘေးဒုက္ခသည်စခန်း အချို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ပိုမိုများပြားလာကြောင်း သတင်း ရရှိသည်။

စစ်ဘေးဒုက္ခသည်စခန်းများ တွင် လုံခြုံစိတ်ချစွာသုံးစွဲနိုင်သည့် အတွက် ယခုကဲ့သို့မူးယစ်ဆေး ဝါးသုံးစွဲသူ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်းမိုင်းနားစစ်ဘေးဒုက္ခ သည်စခန်း တာဝန်ခံဦးခေါင်ဒေါင် က ဆိုသည်။

‘‘ကျွန်တော်တို့ စခန်းမှာ စာရင်းကောက်ကြည့်လိုက်တာ မူးယစ်သုံးစွဲတဲ့လူတွေအယောက် ၂၀ ကျော်ရှိ တယ်။ အပြင်မှာခက် လာတော့ စခန်းလာပြီး သုံးစွဲသူ တွေများလာတယ်’’ဟု ၎င်းက ပြောသည်။

ထိုစခန်းမှ မူးယစ်ဆေးဝါး သုံးစွဲသူများကို ပထမဆုံးခေါ်ယူ သတိပေးသွားမည်ဖြစ်ပြီး ထိုသို့ သတိပေး ထားပြီးနောက် ပြန်လည် သုံးစွဲသူများကိုစစ်ဘေးဒုက္ခသည် စခန်းမှ ထုတ်ပယ်မည်ဖြစ်ကြောင်း ဦးခေါင်ဒေါင်က ဆိုသည်။

သတိပေးထားသော်လည်း ဆက်လက်သုံးစွဲနေသူများကို ဥပဒေအတိုင်းအရေးယူရန် ရဲလက်သို့ အပ်နှံမည် ဖြစ်ကြောင်းလည်း ပြောသည်။

ထိုသို့ မူးယစ်ဆေးသုံးစွဲနှုန်း မြင့်မားလာခြင်းကို တားမြစ်ရန် အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေ ဖြင့် မူးယစ်ဆေး ဝါးရောင်းဝယ်၊ သုံးစွဲသူများကို ထိထိမိမိအရေးယူပေးရန် လို အပ်ပြီး မသုံးစွဲသေးသည့် လူငယ် များကိုလည်း မူးယစ်ဆေးဝါးနှင့်ဆိုင်သည့်အသိပညာပေးဟော ပြောပွဲများနှင့် အားကစားပွဲများ ပြုလုပ်ပေးရန်လိုအပ်ကြောင်း ဆိုသည်။

ကချင်ပြည်နယ် နေရာအနှံ့ တွင် ဒေသခံများပူးပေါင်းပြီး မူး ယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ် သူများကို ဖမ်းဆီးကာ ဘိန်းဖြတ် စခန်းများပြုလုပ်ပေးလျက်ရှိနေ သော်လည်း ဒုက္ခသည်စခန်းများ တွင် မလုပ် နိုင်သေးကြောင်း သိ ရသည်။

7day

မှတ်ချက်များ