တယ်လီနောမြန်မာသည် ၄င်း၏ net Monday အစီအစဉ်အား မန္တလေးမြို့တွင် ပထမဦးဆုံး ပြုလုပ်ခဲ့ပါ သည်။ လစဉ်ကျင်းပသော ယခုအစီအစဉ်သည် ဆက်သွယ်ရေးချိတ်ဆက်မှုနှင့် အားလုံးအတွက် အင်တာ နက်စသည့် အကြောင်းအရာများကို ဦးစားပေးဆွေးနွေးသော အစီအစဉ်ဖြစ်ပြီး စက်တင်ဘာလတွင် တယ် လီနောမှ ဝန်ဆောင်မှုစတင်ပေးပြီး ကွန်ယက်ချိတ်ဆက်မှု နေရာများပြားလာသည့်အခါတွင် အခြားနေရာဒေ သများတွင်ပါ ဆက်လက် သွားရောက် ဆွေးနွေးသွားမည်ဖြစ်ပါသည်။
Net Monday ကို ၂၀၁၄ ခုနှစ် မတ်လတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဤအင်တာနက်အသုံးပြုမှု ပိုမိုတိုး တက်ရေး ဖိုရမ်ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများ ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်စေ ရန် ပြည်တွင်းဘာသာစကားဖြင့် content များဖန်တီးမှု၊ ကွန်ယက်ချိတ်ဆက်မှု နှင့် ကွန်ယက်လွှမ်းခြုံမှု တို့ကို ဦးစားပေးဆွေးနွေးခဲ့ပါသည်။
Net Monday ပွဲများသည် မြန်မာနိုင်ငံတွင် တိုးတက်ကြီးမားလာသော ဒစ်ဂျစ်တယ်နှင့် အွန်လိုင်းလူထု အသိုင်းအဝိုင်းအတွက် ဖန်တီးထားသော ပွဲဖြစ်ပြီး တယ်လီနော၏ လက်တွဲဖော်များ၊ ဦးဆောင်ဆွေးနွေး ပွဲများ နှင့် အမေးအဖြေကဏ္ဍများဖြင့် ကျင်းပခြင်းဖြစ်ပါသည်။
မန္တလေးတက္ကသိုလ်တွင် သြဂုတ်လ ၁၁ ရက်နေ့၌ ရန်ကုန်ပြင်ပတွင် ပထမဦးဆုံးအကြိမ်အဖြစ် net Monday ပွဲကို Wikipedia Myanmar နှင့် ကျင်းပခဲ့ပါသည်။ Wikipedia နှင့် တက္ကသိုလ်တွင် net Monday အားကျင်း ပခြင်းသည် ယခုအကြိမ်သည် ဒုတိယမြောက်ဖြစ်ပါသည်။ ဇွန်လတွင် ဒဂုံတက္ကသိုလ် ၌ ကျောင်းသား ၂၁၀၀ ကျော် တက်ရောက်ခဲ့ပြီး စာသင်ကြားရာတွင် အင်တာနက်ချိတ်ဆက်ခြင်း၏ အရေးပါမှု နှင့် Wikipedia မှ ရရှိသော ဗဟုသုတများအကြောင်းကို ဆွေးနွေးခဲ့ပါသည်။
တယ်လီနောသည် စက်တင်ဘာလတွင် ဝန်ဆောင်မှုစတင်ပေးသည့်အခါ net Monday ဆက်လက်ပြုလုပ် သွားမည့် နေရာဒေသများကို ကြေငြာသွားမည်ဖြစ်ပါသည်။
.jpg)
Net Monday အကြောင်း
Net Monday သည် တယ်လီနောမြန်မာမှ လစဉ်ကျင်းပသော ပွဲတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုး တက်လျက်ရှိသော ဒစ်ဂျစ်တယ်နှင့် အွန်လိုင်းလူထုအသိုင်းအဝိုင်း နှင့် သက်ဆိုင်သော အကြောင်းအရာ များကို တင်ပြဆွေးနွေးနိုင်စေရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ပါသည်။
အင်တာနက်နှင့်ပတ်သက်သော အကြောင်းအရာများကို ပွဲစဉ်တိုင်းတွင် နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသော မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် လူထုအ သိုင်းအဝိုင်းတို့ ကို ဆွေးနွေးစေမည် ဖြစ်ပါသည်။
ပါဝင်ဆွေးနွေးမည့်သူများတွင် ပရိုဂရမ်မာများ၊ web ဒီဇိုင်နာများ၊ Blogger များ၊ developer များ၊ နည်းပညာ ကျွမ်းကျင်သူများနှင့် ပြည်တွင်း၊ပြည်ရှိ နည်းပညာကုမ္ပဏီများမှ တာဝန်ရှိသူများ ပါဝင်ပါသည်။
လစဉ်ကျင်းပသော ယခုအစီအစဉ်သည် ဆက်သွယ်ရေးချိတ်ဆက်မှုနှင့် အားလုံးအတွက် အင်တာနက်စ သည့် အကြောင်းအရာများကို ဦးစားပေးဆွေးနွေးသော အစီအစဉ်ဖြစ်ပြီး စက်တင်ဘာလတွင် တယ်လီနော မှ ဝန်ဆောင်မှုစတင်ပေးပြီး ကွန်ယက်ချိတ်ဆက်မှု နေရာများပြားလာသည့်အခါတွင် အခြားနေရာဒေသ များတွင်ပါ ဆက်လက် သွားရောက် ဆွေးနွေးသွားမည်ဖြစ်ပါသည်။
.jpg)
Internet for All အကြောင်း
မိုဘိုင်းဆက်သွယ်မှုသည် လူတိုင်းအတွက် လိုအပ်ကြောင်း တယ်လီနောမှ ယုံကြည်ပါသည်။ ထို့အပြင် အင်တာနက်သည်လည်း လူတိုင်းအတွက်(Internet for All) ဖြစ်ရပါမည်။ ဆက်သွယ်ရေး ဝန်ဆောင်မှု တွင် ဦးဆောင်လျက်ရှိသော တယ်လီနောမှ မိုဘိုင်းဆက်သွယ်ရေးသည် အာရှနှင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ တွင် နေထိုင်လျက်ရှိသော လူအများ၏ နေ့စဉ်ဘဝကို အပြုသဘော ဆောင်သော ပြောင်းလဲမှု များ ယူဆောင်ပေးလျက်ရှိသည်ကို ကိုယ်တိုင်တွေ့မြင်လာခဲ့ပြီး ဖြစ်ပါသည်။ မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍ သည် မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကနေရာမှ ပါဝင်မည်ဖြစ်ပါသည်။ ထို့ကြောင့် တယ်လီနောသည် မြန်မာနိုင်ငံရှိ ပြည်သူအားလုံး အတွက် ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေး ကောင်း မွန်သော မိုဘိုင်းဖုန်းဆက်သွယ်ရေး ရရှိစေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
တယ်လီနောသည် ရင်းနှီးမြှုပ်နှံထားပြီး လုပ်ငန်းဆောင်ရွက်နေသောနိုင်ငံ နှင့် လူထု အကျိုးပြုစေ မည့် ဆောင်ရွက်မှုများကို လည်းလုပ်ဆောင်သွားပါမည်။ ထိုလုပ်ဆောင်မှုများတွင် အတွေးအခေါ်များနှင့် သတင်းအချက်အလက်များကို ဆွေးနွေးဖလှယ်၍ မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလုံးအ တွက် ဒစ်ဂျစ်တယ်အနာဂတ်ကို တည်ဆောက်နိုင်ရန် ရည်ရွယ်ကာ ပြုလုပ်သော net Monday အစီအစဉ် သည် တစ်ခုအပါအဝင်ဖြစ်ပါသည်။
.jpg)
net Monday သည် အားလုံးအတွက် အင်တာနက်ဟူသော ရည်မှန်းချက်ပြည့်ဝနိုင်စေမည့် အစီအစဉ် တစ်ခုလည်းဖြစ်ပါသည်။
တယ်လီနောသည် ၄င်း၏ ဆက်သွယ်ရေးလုပ်ငန်းရှိ အတွေ့အကြုံများကို အခြေခံကာ ပြည်သူများ အတွက် ဈေးနှုန်းသင့်တင့်သည့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကို ကောင်းမွန်စွာ ရရှိနိုင်ရန် ဆောင် ရွက်လျက်ရှိပါသည်။ လူတိုင်းတတ်နိုင်ပြီး အသုံးပြုနိုင်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုသည် ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းများ နှင့် လူ့အဖွဲ့အစည်းများအတွက် ရေရှည်တည်တံ့မည့် အကျိုးသက်ရောက်မှုကို ရရှိစေမည်ဖြစ်ပါသည်။
Wikipedia အကြောင်း
Wikipedia သည် ကမ္ဘာ့အကြီးမားဆုံး အွန်လိုင်း စွယ်ဇုံကျမ်းဖြစ်ပြီး လုပ်အားပေးစာရေးသူ သန်း ၃၀ ကျော်နှင့် ဘာသာစကား ၂၈၇ မျိုး ပါဝင်ပါသည်။ Wikipedia ကို လစဉ်ကြည့်ရှုသူ သန်းပေါင်း ၄၉၀ ကျော်ရှိသည့်အတွက် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး အင်တာနက်စာမျက်နှာတစ်ခု ဖြစ်ပါသည်။
တယ်လီနောနှင့် Wikipedia အားတည်ထောင်ထားသော Wikimedia Foundation တို့သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံရှိ တယ်လီနောအသုံးပြုသူများအတွက် Wikipedia Zero အစီအ စဉ်ပေးနိုင်ရန် သဘောတူညီမှုရရှိခဲ့ပါသည်။ ထိုသဘောတူညီမှုမှ တဆင့် တယ်လီနောအား အသုံးပြုမည့် သူများအတွက် Wikipedia ၏ ကျယ်ပြန့်သော အသိဥာဏ်ဗဟုသုတများကို အင်တာနက်အသုံးပြုခ ပေး ရန်မလိုဘဲ အခမဲ့ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
.jpg)
(တယ်လီနောရဲ့ သတင်းထုတ်ပြန်ချက် နဲ့ ဓာတ်ပုံတချို့ကို ကူးယူ ဖော်ပြပါတယ်)
.jpg)
မှတ်ချက်များ