![]() |
| ဖားကန့်ဒေသရှိ ကျောက်တူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို သြဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်) |
ဖားကန့်ဒေသတွင် လုံးခင်း၊ မှော်ဆီဇာ၊ တာမခံ၊ ဆိုင်းတောင်၊ ကရင်ချောင်၊ ဆိုင်းဂျာဘွမ်ဒေသများတွင် မြေ ပြိုကျမှုအများဆုံးဖြစ်ကြောင်း ဒေသခံနာရေးအသင်းများတွင် ကူညီနေသူများကဆိုသည်။ ဖားကန့်မြို့ ရဲစ ခန်းတစ်ခုတည်း၏စာရင်းအရ ၂၀၁၃ ခုနှစ်တွင် ၂၉ ဦး ၊ ၂၀၁၄ ခုနှစ် သြဂုတ်လလယ်ပိုင်းအထိ မြေပြိုမှု ၁၉ မှုဖြစ်ပွားခဲ့ပြီး ၃၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖားကန့်ရဲစခန်းမှအရာရှိတစ်ဦးကလည်း လုံးခင်းရဲစခန်း၊ တာမခံရဲစခန်း၊ ဆိုင်းတောင်ရဲစခန်းများတွင်လည်း သေမှုသေခင်းစာရင်းများအရ မြေပြိုသေဆုံးမှုများမှာ ယ ခုအရေအတွက် ၀န်းကျင်ရှိနိုင်ကြောင်းဆိုသည်။
ဖားကန့်ဒေသ လုံးခင်းကျေးရွာတွင် နားရေးနှင့် လူမှုရေးလုပ်ငန်းများကို နှစ်ပေါက်လုပ်ဆောင်လာသူတစ် ဦးက "ဖားကန့်တစ်ဝိုက်မှာတော့ ကျွန်တော်တို့ဒေသကအများဆုံးပဲဗျ။ မနှစ်ကစာရင်းအရ မြေပြိုကျပြီး ပိသေတာ တစ်ရာကျော်တယ်။ ဒီနှစ်ဖေဖော်ဝါရီလထဲမှာ သုံးဆယ်ကျော်လောက်ဖြစ်သွားတာ အများဆုံး လပဲ။ မနေ့ကမြေပြိုလို့သင်္ဂြိုဟ်ရမှာ လုံးခင်းမှာတစ်ဦး၊ ဖားကန့်ဆေးရုံမှာ တစ်ဦးရှိတယ်" ဟု သြဂုတ် ၁၇ ရက်ကဆိုသည်။
မြေပြိုပြီး မြေပိသေရသည့်အကြောင်းရင်းမှာ ဖားကန့်ဒေသတွင် ရွှေ့ပြောင်းလုပ်သား ကျောက်တူးသူများပြီး အများစုမှာလုပ်ငန်းနှင့်ပတ်သက်သော အတွေ့အကြုံ မရှိဘဲ မြေသား၏အခြေအနေကိုမသိသောကြောင့် သတိမထားမိခြင်း၊ လောဘကြောင့် အန္တရယ်ကိုဂရုမစိုက်ခြင်းကြောင့် အများစုဖြစ်ပြီး မိုးဦးကျရာသီ၊ ဧပြီ လနှောင်းပိုင်းနှင့် မေလပိုင်းများတွင် တစ်ခါတစ်ရံ မိုးရွာသွန်းမှုများကြောင့် မြေသားအက်ကြောင်းများ တွင်ရေစီးဝင်ကာ ကြံဖတ်ကွာသကဲ့သို့ ပြိုကျတတ်ကြောင်း ယင်းကပြောကြားသည်။
"ဖြစ်ရင်သုံးယောက်လောက်ဖြစ်တာ။ ကျောက်ကတစ်ဦးတည်းမှ တူးလို့မရတာ။ သုံးယောက်လုံးပြန်ဖော်ရ တာလည်းရှိတယ်။ သေပြီလို့တွက်ပြီး ပြန်ရှင်တာရှိသလို ပြန်ရှင်မယ်လို့ တွက်တဲ့လူလည်း သေတာရှိတယ်။ ကျွန်တော်တို့ကတော့ ဖြစ်တာနှင့် သွားကူညီတာပဲ။ တချို့လည်း နေရပ်ဒေသနှင့် အမည်လေးတောင်မသိ လိုက်ရဘူး၊ ဖားကန့်ဒေသကြီးတစ်ခုလုံးဆိုရင် တစ်နှစ်သုံးရာဝန်းကျင်လောက် ရှိနိုင်တယ်" ဟုဆိုသည်။
| ဖားကန့်ဒေသရှိ ကျောက်တူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို သြဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်) |
ဆိုင်တောင်း၊ ကြံကပ်ကျေးရွာ နာနတ်ခြံမှော်တွင် သြဂုတ် ၁၆ ရက် ညနေပိုင်းက မြေပြိုပြီး တစ်ဦးသေဆုံး ကာ နှစ်ဦးဒဏ်ရာရခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရှိသူများမှာ ညီအစ်ကိုတော်စပ်သူများဖြစ်ပြီး မန္တလေး တိုင်း၊ သပိတ်ကျင်းမြို့နယ် ဆယ်ဇင်းကုန်းကျေးရွာမှဖြစ်ကာ ကိုစောမင်း (အသက် ၃၃ နှစ်) မှာ နေရာ တွင် သေဆုံးသွားကြောင်း မောင်ကျော်ဇင်ဦးနှင့် မောင်အောင်ထက်တို့မှာ ဒဏ်ရာများရရှိခဲ့ပြီး မစိုးရိမ်ရ အခြေအနေဖြင့် ဖားကန့်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
မြေပြိုမှုတွင် အသက်ရှင်ကျန်ရစ်သူ ကိုကျော်ဇင်ဦးက "တူးနေဆဲ အပေါ်ကပြုတ်ကျလာတာ။ သေသွားတာက ၀မ်းကွဲအစ်ကိုပါ။ သူ့ကို တစ်ကိုယ်လုံးပိပြီး ကျွန်တော့်ကို ခါးအောက်ပိုင်းပဲမြုပ်သွားတာ။ ခေါင်း၊ ခါးနှင့် ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ ဆွေမျိုးတွေကိုတော့ အကြောင်းကြားထားပြီးပါပြီ။ ကံပေါ့ဗျာ" ဟု ၀မ်းနည်းစကားဆိုသည်။
ကျောက်တူးစဉ် မြေပြိုကျမှုကြောင့် သေဆုံးသူများ၊ ဒဏ်ရာရသူအများစုမှာ မြန်မာနိုင်ငံဒေသအနှံ့ မှဖြစ်ပြီး ဆေးဝါးနှင့် လတ်တလောကယ်ဆယ်ရေးလုပ်ငန်းများ၊ နီးစပ်ရာဆေးရုံဆေးခန်းများသို့ အမြန် ဆုံးပို့ဆောင်ပြီး ကယ်ဆယ်မှုပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
ဖားကန့်ဒေသတွင် မြန်မာနိုင်ငံဒေသအနှံ့အပြားမှ ရွှေ့ပြောင်းလုပ်သား နှစ်သိန်းကျော်ရှိနေပြီး မြန်မာနိုင်ငံ
တွင် ရွှေ့ပြောင်းအလုပ်သမားအများဆုံးနေရာဖြစ်သည်။ ၂၀၁၁ခုနှစ် ဇွန်လတွင်အစိုးရနှင့် ကေအိုင်အေ လက်နက်ကိုင်တပ်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကျောက်စိမ်းလုပ်ကွက် တစ်သောင်းကျော်ကို ရပ်နားထားကြောင်း အစိုးရစာရင်းများအရ သိရသည်။
ထွန်းလင်းအောင် | EMG

မှတ်ချက်များ