လေ့လာတွေ့ရှိချက်တွေအရ လူလိမ် လူညာတွေမှာ ဒီလိုလက္ခဏာနဲ့ အကျင့်စရိုက်၊ အကြိုက်လေးတွေ ရှိနေတာ

ဘယ်သူကမှတော့ ကိုယ့်ကိုလိမ်ညာမယ့်လူနဲ့ ရည်း စားဖြစ်ချင်ပါ့မလဲ။ တွဲချင်ပါ့မလဲ။ ဒါပေမယ့် တစ်ခါ တစ်လေ ကျတော့လည်း အချစ်မှာ မျက်စိမရှိဘူး ဆိုတာတွေ မှန်နေပြန်ရော။ ကိုယ့်ကိုလိမ်ညာနေ တာ ဟုတ်သလိုလို၊ မဟုတ်သလိုလိုနဲ့ ဆက်တွဲမိနေ ရင်တော့ အဆုံးသတ်ကိုယ်ပဲ ခံစားရမှာ မမေ့ပါနဲ့။

ဒီလို လိမ်ညာရတာ ၀ါသနာပါတဲ့ လူတွေရဲ့ အကျင့် စရိုက်၊ အကျင့်နဲ့လက္ခဏာတွေက ဘယ်လိုရှိမလဲဆိုတာ သုတေသီတွေက ဖော်ထုတ်ခဲ့ကြသလို စစ် တမ်းတွေအရ ထွက်ရှိလာတဲ့ အဖြေတွေကတော့

၁။အရပ်ရှည်သောသူ

အရပ်ပုတဲ့သူတွေက သိပ်ချစ်တတ်၊ ကြင်နာတတ်ပြီး၊ လုံးဝမလိမ်တတ်၊ မညာတတ်လို့ ယတိပြတ် မပြောနိုင်ပေမယ့် ချစ်ရေးချစ်ရာ ချစ်သူရှာပေးတဲ့ IllicitEncounters.com ရဲ့လေ့လာတွေ့ရှိချက်အရတော့ အရပ် ၅ပေ၁၀လက်မ ကျော်လောက်ရှိတဲ့သူတွေကတော့ အရပ်ပုသူတွေထက် ပိုလိမ်ညာတတ်ကြတယ် လို့ ဖော်ပြထားပါတယ်။

၂။ရော့ခ်အင်ရိုး မြူးဇစ်ကြိုက်သောသူ

ကဲ ဘာပြောချင်သေးသလဲ။ ဒီအချက်ကိုလည်း အဲ့ဒီ IllicitEncounters.com ဆိုက်မှာပဲ စစ်တမ်းကောက် တာတွေ၊ လေ့လာတွေ့ရှိချက်တွေအရ အတည်ပြုခဲ့ကြတာပါ။ လိမ်ညာတဲ့သူတွေရဲ့ ၄၁ ရာခိုင်နှုန်း ဟာ ရော့ခ်အင်ရိုးဂီတကို နှစ်ခြိုက်သူတွေ ဖြစ်နေကြပါသတဲ့။

၃။ပြင်သစ်လူမျိုး

သင့်ရဲ့ချစ်သူဟာ ဘယ်နိုင်ငံကလူမျိုး ဖြစ်နေပါသလဲ။ ၀ိုင်ခွက်လေးတွေ၊ ချိစ်လေးတွေ၊ ဟိုလိုဒီလို ကိစ္စ ရပ်တွေနဲ့ ခြေရှုပ်တတ်တဲ့ ပြင်သစ်လူမျိုးတွေကတော့ ဒီအချက်ကိုလည်း မငြင်းကြပါဘူး။ ဒီစစ်တမ်းကိုတော့ LELO အမျိုးသမီး၊ အမျိုးသားလိင်အင်္ဂါအတု ရောင်းချတဲ့ဆိုက်ကနေ ကောက်ယူခဲ့တာဖြစ်ပါတယ်။

၎။Twitter သုံးတဲ့သူ

လူမှုကွန်ယက်တွေက သင့်အချစ်ရေးကို ရှုပ်ထွေးစေတယ်လို့ ခဏခဏ ဖတ်ဖူးမှာပါ။ အဲ့ဒီလူမှုကွန် ယက်တွေထဲမှာ Twitter ကို အသုံးများတဲ့ လူတွေဟာ ချစ်ရေးချစ်ရာ ကိစ္စတွေ၊ ဇာတ်လမ်းရှုပ်တဲ့ ကိစ္စ မျိုးတွေကို ပိုလုပ်တတ်ကြပါတယ်တဲ့။

၅။ဈေးဝယ်ထွက်ရတဲ့ သိပ်နှစ်ခြိုက်တဲ့သူ

မိန်းကလေးအများစုမှာ တစ်ချိန်လုံးဈေးဝယ်ထွက်နေတတ်သူတွေဟာ လိမ်ညာတတ်တဲ့သူ ဖြစ်တတ်တာ များနေတယ်လို့ သိရပြီး ဒီလိုဈေးဝယ်ထွက်ရခြင်းအကြောင်းအရာကလည်း သံသယရှိဖွယ် ဖြစ်သလို ဈေး ၀ယ်ပြီး ၀ယ်လိုက်တဲ့ ပိုက်ဆံတွေကို သိုဝှက်ခြင်းတစ်မျိုးရှိနေတာတွေကလည်း မရိုးသားကြောင်း ပြသနေ တယ်လို့ စစ်တမ်းကောက်ချက်တွေက ဆိုပါတယ်။

၆။IT နယ်ပယ်မှာ အလုပ်လုပ်နေသောသူ

ကောင်လေးကြည့်ရတာ ရိုးရိုးသားသားလေးပါ။ hoodie အနွမ်းလေးဝတ်ပြီး တစ်ချိန်လုံးအလုပ်ချည်းပဲ အာရုံစိုက်နေတယ်လို့ ထင်နေပါသလား။ huffingtonpost.com ဆိုက်ကလေ့လာချက်တွေအရတော့ IT နယ်ပယ်က အမျိုးသား သုံးပုံနှစ်ပုံဟာ လိမ်တတ်ကြသလို ကိုယ့်ချစ်သူနဲ့ ဇနီးမယားတွေအပေါ်မှာလည်း သစ္စာမရှိကြပါဘူးတဲ့။

မေသော် | Trend Myanmar

မှတ်ချက်များ