ရန်ကုန်မြို့သစ်စီမံကိန်းကြောင့် မြေဈေး အဆမတန်ထိုးတက်
ကြည့်မြင်တိုင် မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် နှင့် တွံတေးမြို့နယ်တို့ရှိ မြေဧက ၃ဝဝဝဝတွင် ရန်ကုန် မြို့သစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက် မည့် သတင်းကြောင့် အဆိုပါစီမံကိန်း တွင် ပါဝင်နိုင် သည့် နေရာများတွင် အိမ်ခြံမြေဈေးများမှာ ပေ၂ဝx၄ဝ မြေကွက်ကို သိန်းလေးရာအထိ အဆမတန် မြင့် တက်သွားခဲ့ကြောင်း သိရသည်။
ယင်းတို့အနက် ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ အလတ်ချောင်းရပ် ကွက်ရှိ မြေဈေးများမှာ ယခင်ပေါက် ဈေး ထက် အဆတစ်ရာခန့် မြင့် တက်သွားသည်များရှိကြောင်း ဒေသခံ များ၏ ပြောကြားချက်အရသိရသည်။
အလတ်ချောင်းရပ်ကွက်ရှိ အိမ် ခြံမြေများ အဆမတန် ဈေးတက် လာပုံကို”ပြီးခဲ့တဲ့နှစ်က ပေ၂ဝx၄ဝ မြေ ကွက်ကို ငါးသိန်း၊ ဆယ်သိန်း လောက်တောင် ပေးဝယ်တဲ့သူ မရှိ ဘူး။ အခုဆိုရင် သိန်း၎ဝဝက အနည်း ဆုံး လိုလိုဖြစ်နေပြီ။ မနေ့ကပဲ ပေ ၂ဝ ပတ်လည် မြေကွက်ကိုတောင် ၃၄ဝနဲ့ အရောင်း အဝယ်ဖြစ်သွား တာရှိ တယ်”ဟု ယင်းရပ်ကွက်တွင် မြေရောင်းဝယ် ဝန်ဆောင်မှုလုပ်နေ သည့် မစုစု(အမည်လွှဲ)ကပြောပြ သည်။
ယင်းကဲ့သို့ ဈေးများမြင့်တက် လာခြင်းမှာ မြို့သစ် စီမံကိန်းလုပ် မည်ဟု သတင်းများ မထွက်ပေါ်ခင် ကပင် စတင်ဖြစ်ပွား နေခြင်းဖြစ် ကြောင်းကို ”ရန်ကုန်ဘက်ကမ်းက နေ တံတားထိုးမယ်ဆိုတဲ့ သတင်းတွေ စက တည်းက ဈေးတွေတက်လာ တာပဲ။ အခုမြို့သစ်စီမံကိန်း လုပ် မယ်လဲပြောရော မကြားဖူးတဲ့ ဈေး တွေဖြစ် လာတော့တာ”ဟု မစိုးစိုးက ပြောသည်။ တံတားထိုးမည်ဟု ပြော သည့် နေရာများတွင် ဈေးနှုန်းများ မှာ သိန်းထောင်ဂဏန်းအထိ ဈေး ခေါ်နေသူများရှိကြောင်း သိရသည်။
တံတားထိုးမည့် နေရာမှာ ဗားကရာချောက်မှ ကြည့်မြင်တိုင် တစ်ဖက်ကမ်းသို့ တံတားတစ်စင်း ဆောက် လုပ်မည်ဟူသော သတင်းများ ထွက်ပေါ်နေကြောင်း၊ အုပ်ချုပ်မှူး က ယင်းတံတားထိုးမည့် နေရာနှင့် မလွတ် သည့် မြေပိုင်ရှင်များအား ခေါ် ယူတွေ့ဆုံ၍ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း၊ ရွှေ့ပြောင်းစရိတ်နှစ်သိန်း၊ လုံးချင်းအိမ်တစ်လုံးနှင့် နဂိုပိုင်ဆိုင် သော မြေထက် တစ်ဆပိုပေးမည်ဟု ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေ သ ခံမြေပွဲစားတစ်ဦးက ပြောသည်။
မြေလာရောက်ဝယ်ယူသူများ မှာ ရန်ကုန်မြို့မှ လာရောက်သူများ ပြားကြောင်းနှင့် တရုတ်လူမျိုး၊ ဟိန္ဒူ လူ မျိုးများ အပါအဝင် နိုင်ငံခြားသား များပါ လာရောက်လေ့လာမေးမြန်း သူများရှိနေကြောင်းနှင့် အချို့ပွဲစား များထံတွင် စီမံကိန်းမြေပုံဟုထင်ရ သော မြေပုံအချို့ပါလာသည်များရှိ ကြောင်းလည်း ဒေသခံမြေပွဲစား များ၏ ပြောကြားချက်အရ သိရသည်။
”ရန်ကုန်ကပွဲစားတွေလာရင် မြေပုံတွေပါ ပါလာတယ်။ မြေပုံထဲမှာ တံတားထိုးမယ့်နေရာတွေပါတယ်။ မြေပုံ ထဲကနေရာတွေ လက်ညှိုးထိုး ပြီး ဈေးတွေစုံစမ်းတော့တာပဲ”ဟု ဒေသခံမြေပွဲစားတစ်ဦးက ပြောပြ သည်။
အလတ်ချောင်ဈေးရှေ့လက် ဖက်ရည်ဆိုင်တွင်လည်း ဒေသခံမြေ ပွဲစားများ၊ ရန်ကုန်မြို့မှ လာရောက်သူ များဖြင့် ပြည့်နှက်နေသည်ကို တွေ့ ရပြီး စားပွဲဝိုင်းတိုင်းတွင် မြေပုံတစ်ရွက် ကိုဖြန့်ကာ ဈေးနှုန်းများပြောဆို ညှိနှိုင်း နေကြသည်ကိုလည်း တွေ့ရသည်။
ယင်းတို့ပြောဆိုနေကြရာတွင် ”သိန်းတစ်ရာလောက်နဲ့တော့ စိတ် ကူးတောင် မယဉ်နဲ့လေ ဆရာရဲ့”ဟု ရန်ကုန်မြို့မှ မြေလာ ဝယ်သူတစ်ဦး ကို ဒေသခံမြေပွဲစား တစ်ဦးက ပြော လိုက်သည်။
အလတ်ချောင်းရပ်ကွက်တွင် နေထိုင်ကြသူများမှာ မြေဂရန်ဖြင့် နေထိုင်သူများရှိသကဲ့သို့ ပြေစာများ၊ ရပ် ကွက်အုပ်ချုပ်ရေးမှူး၏ ထောက် ခံစာများဖြင့် နေထိုင်ကြသည်များ လည်းရှိကြောင်း သိရသည်။
”မြေအရောင်းအဝယ်လုပ်ရင် တော့ အုပ်ချုပ်ရေးရုံးမှာပဲ အရောင်း အဝယ်စာချုပ်လက်မှတ်ထိုး ကြတာ များ ပါတယ်”ဟု မစိုးစိုးက ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်းဆောင် ရွက်မည်ဆိုကတည်းက ယင်းစီမံကိန်း တွင်ပါဝင်သည်ဟုထင်ရသော လယ် ယာမြေများမှာလည်း တစ်ဧက လျှင်သိန်းတစ်သောင်းကျော်အထိ ဈေးနှုန်းများမြင့်တက်နေကြောင်း နှင့် တွံတေး-လှိုင်သာယာလမ်းတောက် လျှောက်ရှိမြေများကိုလည်း နိုင်ငံ ခြားသားများမှ လာရောက်စုံစမ်းနေ သည်များရှိကြောင်း သိရသည်။
YMG

မှတ်ချက်များ