အမေရိကန်ဒေါ်လာ ဘီလီယံချီကုန်ကျနိုင်သည့် ရန်ကုန်ဘူတာကြီး စိတ်ကူးပုံစံကို ဂျပန်နိုင်ငံ အီတိုချီကုမ္ပဏီက သက်ဆိုင်ရာသို့ အဆိုပြုတင်ပြထား
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရာတွင် ဘူတာကြီး နှင့်ဆက်စပ်ပြီး စီးပွားရေးအဆောက်အအုံများ တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံအီတိုချီကုမ္ပဏီ Itochi Company က သက်ဆိုင်ရာသို့ အဆိုပြုပုံစံ တင်သွင်းထားကြောင်း သိရသည်။
အဆိုပါစိတ်ကူးပုံစံတွင် လက်ရှိရန်ကုန်ဘူတာကြီးအား ရှေးမူမပျက် ထားရှိပြီး ယင်း၏အနောက်တွင်ခေတ်မီ အဆောက်အအုံများ ထည့်သွင်း တည် ဆောက်ထားသည့်ပုံစံဖြစ်သည်။
”အီတိုချီက လက်ရှိတိုကျိုဘူတာကြီးပုံစံကို နမူနာယူပြီး စိတ်ကူးပုံစံ ရေးဆွဲထားတာဖြစ်ပါတယ်။ တိုကျိုဘူ တာကြီးကို အပြင်ကကြည့်လိုက်ရင် ဘူတာရုံဟောင်းကြီးကို မြင်ရမှာပဲ။ အတွင်းကိုဝင်လိုက်မှ အထဲမှာ
ခေတ်မီ အဆောက် အအုံတွေ၊ ခေတ်မီရထားကြီးတွေကိုမြင်ရမယ်” ဟုအဆိုပါ စီမံကိန်းနှင့်နီးစပ်သူ အင် ဂျင်နီယာတစ်ဦးက ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောပြသည်။
အီတိုချီက သက်ဆိုင်ရာသို့တင် ပြထားသည့် ရန်ကုန်ဘူတာကြီး စိတ် ကူးပုံစံတွင် ပန်းဆိုးတန်းခုံးကျော် တံတားကို ခေတ်မီအဆောက်အအုံ များက ငုံပြီးတည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့အပြင်ခေတ်မီ အဆောက် အအုံများသည် မြန်မာ့မီးရထားပိုင် မြေအတွင်း ဗိုလ်ချုပ်အောင်ဆန်း လမ်း နှင့်ယှဉ်လျက် ဆူးလေဘုရားလမ်းမှ သိမ်ဖြူလမ်းအထိ တစ်ဆက်တစ်စပ် တည်း တည်ဆောက်ထားသည်ကို တွေ့ရသည်။
”ရထားပို့ဆောင်ရေးလုပ်ငန်း ဆိုတာ အရှုံးခံပြေးရတဲ့လုပ်ငန်းဖြစ် တယ်။ အဲဒါကြောင့် ဘူတာရုံတွေ မှာ စီးပွားရေး အဆောက်အအုံတွေ၊ ရှော့ပင်းစင်တာတွေနဲ့ ပူးတွဲတည် ဆောက်နိုင်မှသာ ရင်းနှီးမြှုပ်နှံသူတွေ က စိတ်ဝင်စားကြပါတယ်။ နိုင်ငံ တကာမှာလဲ အဲသလိုလုပ်ကြပါတယ်။ ဘူတာရုံတွေမှာ ဈေးဝယ်စင်တာတွေ တွဲပြီး တည်ဆောက်တဲ့အခါ ရင်းနှီး မြှုပ်နှံသူတွေအတွက် အဆင်ပြေသလို ဈေးဝယ်ထွက်ကြသူတွေရှိလို့ ရထား ကို လူတွေ ပိုအသုံးပြုလာတတ်ကြ တယ်။ ရန်ကုန်ဘူတာကြီးကိုလဲ အီ တိုချီက အဲဒီစိတ်ကူးနဲ့ ပုံစံရေးဆွဲတင် ပြထားတယ်လို့ ထင်ပါတယ်” ဟု ဝါရင့်အင်ဂျင်နီယာကြီးတစ်ဦးက သုံး သပ်သည်။
အီတိုချီက တင်ပြသော ဒီဇိုင်း သည် စိတ်ကူးပုံစံအဆင့် ဆိုသော်လည်း မြေပြင်ကွင်းဆင်းကာ ပကတိအခြေ အနေအပေါ် အခြေခံတင်ပြထား ခြင်းဖြစ်သည်ဟု သိရသည်။ သို့သော် စီမံကိန်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီ ရှိ နိုင်သဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု များအတွက် အခက်အခဲဖြစ်နိုင် သလို နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမည့်သူများ အတွက်လည်း စီးပွားရေးတွက်ခြေ ကိုက်မှုကို စနစ်တ ကျတွက်ချက်ပြီးမှ ဆောင်ရွက်နိုင်မည့် အခြေအနေဖြစ် နေကြောင်း သတင်းရရှိသည်။
YMG

မှတ်ချက်များ