ဇူလိုင် ၃၁ ရက်မွန်းလွဲပိုင်းမှစတင်ကာ မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့ ရေနစ်မြုပ် ပြီး ညောင်လေး ပင်မြို့နယ် ပိန်းဇလုပ်ကျေးရွာအုပ်စု ရပ်ကွက်များ ဖြစ် ကြ သော အနောက်ပိုင်း၊ တောင် ပိုင်း၊ မြောက်ပိုင်း၊ အောင်မင်္ဂ လာ၊ ရွှေပေါက္ကံ၊ ပိတောက်ရွှေဝါ စသည့်ရပ် ကွက်များ၏ အနိမ့် ပိုင်းနှင့် ကျေးရွာအုပ်စုအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော အုန်းနှဲသာချောင်းရေ လျှံ၍ ချောင်းအနီးရှိ လူ နေရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက် ရှိသည်။
အဆိုပါ ရေကြီးရေလျှံမှုဖြစ်ပေါ်သော ပိန်းဇလုပ် ကျေးရွာအုပ်စုအတွင်း လယ်ယာမြေ ၅၇၅ ဧကနှင့် လူနေအိမ်ခြေ ၁၀၈၅ အိမ်ခန့် ရေဝင်ရောက်ခဲ့ပြီး လူနှင့် တိရစ္ဆာန်၊ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။
MOI Webportal Myanmar
ပင်မ
/
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးနှင့် ညောင်လေးပင် အနိမ့်ပို်င်းရှိ ရပ်ကွက်များရေလွှမ်းမိုး

မှတ်ချက်များ