ကမ္ဘာမှာ လုပ်ငန်းခွင်ဝင်ရောက် လုပ်ကိုင်နေသူ ငါးဦးမှာ တစ်ဦးဟာ စိတ်ဖိစီးမှု ပြဿနာ ကြုံတွေ့နေရပြီး သူတို့ဟာ သွေးချိုရောဂါ ဖြစ်နိုင်ချေ သာမန်ထက် ၄၅ ရာခိုင်နှုန်း ပိုကြောင်း သိရ ပါတယ်။ စိတ်ဖိစီးခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ ပင်ပန်းနွမ်းမှု များခြင်းတို့ကို သွေးထဲမှာ ဂလူးကိုစ့်ဓာတ် (သကြားဓာတ်) တိုးပွားစေ ပါတယ်။
ယင်းတိုးပွားလာမှုဟာ သွေးချိုရောဂါကို ဖြစ်ပေါ်စေပြီး အသက်မရွယ် မရွေး ရောဂါ ဖြစ်လွယ်စေကြောင်း သိရ ပါတယ်။ ဒါ့အပြင် ကိုယ်တွင်းမှာ Stree ဟိုမုန်းတွေ မြင့်မားလာမှုက သကြားဓာတ် မြင့်တက်စေမှု အပြင် ကိုယ်တွင်း သွေးလည်ပတ်မှုတို့ကို ထိခိုက်ပြီး သွေးတိုး ရောဂါ ၊ နှလုံးရောဂါ၊ နှလုံးသွေးကြောကြဉ်း၊ သွေးေ ကြာပိတ် ရောဂါတို့ ဖြစ်နိုင်ပါတယ်။
ဗြိတိန်နိုင်ငံမှာ သုတေသန လုပ်ငန်းမျာ ပြုလုပ်လို့ရရှိတဲ့ ရလဒ် ဖြစ်ပြီး ဗြိတိန်မှာ သွေးချိုရောဂါသည်များကို ကုသဖို့အတွက် အစိုးရ ကျန်းမာရေး ဌာနက တစ်ရက်ကို ဗြိတိန်ပေါင် ၂ သန်းကျော် အသုံးပြုနေရတယ် ဆိုတာကို လေ့လာတွေ့ရှိခဲ့ ပါတယ်။
searchmyanmar
searchmyanmar

မှတ်ချက်များ