အကြမ်းဖက် ဖြိုခွင်းမှု (၂၁) လပြည့် အဖြစ် လက်ပံတောင်းတောင် ဒေသခံများ ကျိန်စာတိုက်ဆုတောင်း


လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြီး အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဖြိုခွင်းမှု (၂၁) လပြည့် အဖြစ် ယခုလ (၂၉) ရက်နေ့၊ နေ့လယ် (၁၁) နာရီ အချိန်တွင် မူလ၀က်မှေးကျေးရွာ အနီး တောင်ခြေ နတ်နန်းတွင် ဒေသခံ အင်အား (၁၀၀) နီးပါး က ကျိန်စာတိုက် ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ကျိန်စာတိုက်မှုကို တုံကျေးရွာနှင့် မိုးကြိုးပြင် ကျေးရွာမှ ဒေသခံများက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။သံ ဃာတော်တွေနဲ့ ဒေသခံပြည်သူ တွေကို ရက်ရက်စက်စက် မီးလောင်စေတဲ့ အရာတွေနဲ့ ပစ်တယ်။

အခုဆိုရင် (၂၁) လပြည့်ခဲ့ပြီး။ အခုထိ မေ့လို့ မရသေးဘူး။ ရင်ထဲမှာ အမာရွတ် တစ်ခု ဖြစ်နေတယ်။ ကြေးနီ စီမံကိန်းကြီး ကိုလည်း မတရား သဖြင့် ဒေသခံတွေ သဘောမတူဘဲ လုပ်ဆောင်နေ တာကို တောင်ပိုင်ရှင် ဘိုးတော်ကြီးထံ ဆုတောင်းပြီး ဦးပိုင် ၀မ်ပေါင်တို့ မီးလောင်သင့် စေဖို့ ဆုတောင်း ကျိန်စာတိုက်ခဲ့ကြ တာပါ။ တရုတ်တွေ ကိုလည်း လက်ပံတောင်း ဒေသတွင်း ကနေ အမြန်ဆုံး မောင်းထုတ်ပေး စေချင်ပါတယ်။

စီမံကိန်းကြီး လုပ်ဆောင်ရန် အားပေးနေတဲ့ ဦးပိုင် ကုမ္ပဏီကိုလည်း ပြိုကွဲစေဖို့ ဆုတောင်းခဲ့တယ်။ မောင်း တစ်ချက် တီးလိုက်တိုင်း အာဏာရှင် တစ်သောင်း ပျက်ပြုန်းနိုင်ပါစေ လို့လည်း ကျိန်စာတိုက်ခဲ့ တာပါ ဟု တုံကျေးရွာမှ ဒေါ်ညိုလေး က The Messenger Media သို့ ပြောသည်။

အဆိုပါ ကျိန်စာတိုက်မှုတွင် လက် ပံတောင်းတောင် နတ်နန်းရှင် ဘိုးတော်ကြီး၊ နဂါးမင်းနှင့် တကွ နတ်ဒေ၀ါ အပေါင်းတို့အား ပင့်ဖိတ်ပြီး ဦးပိုင်နှင့် ၀မ်ပေါင် တို့ အပြိုကွဲကြီး ပြိုကွဲပါစေ၊ ကျိန်စာတိုက်ရင်း မောင်းတစ် ချက်တီးတိုင်း အာဏာရှင် တစ်သောင်းကျော် ပျက်ပြုန်းကြပါစေ၊ မီးလောင်စေတဲ့အရာ တွေနဲ့ ပစ်ခတ် သူအပေါင်းတို့ မီးလောင် တိုက်တွင်း ကျပါစေ စသည့် တို့ကို ရွတ်ဆိုကာ ငှက်ပျောပွဲ (၁၀) ပွဲဖြင့် ကျိန်စာ တိုက် ဆုတောင်းမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

messenger

မှတ်ချက်များ