တောင်ကုတ်လူသတ်မှုအယူခံ ပြည်နယ်တရားလွှတ်တော် ပယ်ချ

ပဋိပက္ခဖြစ်ပွားစဉ်က (ဓာတ်ပုံ - ရိုက်တာ)
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ လူ ၁၀ ဦး သတ်ဖြတ်ခံရမှုနဲ့ တရားစွဲဆိုခံရသူတွေရဲ့အယူခံကို ပြည်နယ်တ ရားလွှတ်တော် က ပယ်ချလိုက်တဲ့အတွက် မူလသံတွဲခရိုင်တရားရုံးမှာ ဆက်လက်စစ်ဆေးတော့မှာဖြစ်ပါ တယ်။

တောင်ကုတ်မြို့ လူသတ်မှုနဲ့ ပတ်သက်လို့ သံတွဲခရိုင်တရားရုံးက သံသယနဲ့ ဖမ်းဆီးတရားစွဲခံရသူ ၇ ဦးကို ပြီးခဲ့တဲ့ မေလကုန်မှာ လူသတ်မှု၊ လူသတ်ရန် လူစုလူဝေးဖြင့် ကြိုတင်ကြံစည်မှုနဲ့ တရားစွဲဆိုဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။

ဒါကို မကျေနပ်လို့ တရားခံတွေက ရခိုင်ပြည်နယ် လွှတ်တော်မှာ ပြင်ဆင်မှု တင်သွင်းခဲ့တာဖြစ်ပြီး သြဂုတ်လ ၁၂ ရက်နေ့က ပြည်နယ်တရားလွှတ်တော်က ပယ်ချခဲ့တယ်လို့ ပြည်နယ်လွှတ်တော်အတွက် လိုက်ပေးတဲ့ တရားခံရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

ဒေါ်အေးနုစိန်က “မူလရုံးအမိန့်အတိုင်းပဲ အတည်ပြုလိုက်တယ်။ ကျမတို့ရဲ့ ပြင်ဆင်မှုကို ပလပ်လိုက် တယ်။ ရှေ့ကို ဆက်ပြီးတော့ ပြင်ဆင်မှု မတက်ဘူးဆိုရင်တော့ အဲဒီပုဒ်မအတိုင်းပဲ မူလရုံးမှာ ပြန်စစ်မှာပေါ့” လို့ ပြောပါတယ်။

သံတွဲခရိုင်တရားရုံးမှာတုန်းကတရားခံ ၇ ဦးအနက်  ဦးအတွက် ရှေ့နေဦးတင်အောင်၊ ၁ ဦးအတွက် ရှေ့နေ ဦး သိန်းမောင်နဲ့ ကျန် ၁ ဦးအတွက် ရှေ့နေ ဦးကျော်ညွန့်မောင်က လိုက်ပါဆောင်ရွက်ခဲ့တာ ပါ။ ရှေ့နေ ဒေါ်အေးနုစိန်ဟာ သူ့အမှုသည်တရားခံတွေဟာ တောင်ကုတ်မြို့နယ်က မဟုတ်ကြဘဲ ကျန် နယ်တွေက ဖြစ်နေတာ ထူးခြားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“တရားခံတွေကလေ တောင်ကုတ်နယ်ခံတွေမဟုတ်ဘူး။ တောင်ကုတ်နယ်ခံကို မဟုတ်တာ။ ရသေ့တောင် တို့၊ မြောက်ဦးတို့၊ ရခိုင်ပြည် မြောက်ပိုင်းဘက်ကချည်းပဲ။ တယောက်သာ တောင်ကုတ်နယ်ခံလို့ ပြောလို့ရ တယ်။ ကျမလိုက်တဲ့ ခြောက်ယောက်စလုံးက တောင်ကုတ်နယ်ခံသားတွေ မဟုတ်ဘူး။ ဒါကလည်း ထူးခြား ချက်ပဲ” လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

တရားခံတွေဘက်က ငွေကြေးချို့တဲ့ကြတာကြောင့်ရော၊ ခရီးစရိတ်တွေကြောင့်ပါ စေတနာ့ ၀န်ထမ်း လိုက် ပါဆောင်ရွက်ပေးကြတဲ့ ရှေ့နေတွေအဖို့လည်း နေပြည်တော် အယူခံအတွက် လိုက်ပါဆောင်ရွက်ဖို့ အခြေ အနေမပေးဘူးဖြစ်နေတယ်လို့ သူက ပြောပါတယ်။

တရားခံတွေအနေနဲ့ နေပြည်တော် တရားလွှတ်တော်ချုပ်ထံ အယူခံဝင်နိုင်ပြီး မ၀င်ရင်တော့ ခရိုင်တရားရုံး မှာ စစ်ဆေးမှာဖြစ်ပါတယ်။

သူတို့ ၇ ဦးကို ၂၀၁၂ ခုနှစ် တောင်ကုတ်မြို့ လူသတ်မှုအပြီး ၁ နှစ်ကျော်အကြာမှာ နေပြည်တော်ရဲက တိုက်ရိုက်ဖမ်းဆီးရုံးတင်ခဲ့တာဖြစ်သလို တနှစ်နီးပါးစစ်ဆေးအပြီး ခရိုင်တရားရုံးက စွဲချက်တင်ဖို့ ဆုံးဖြတ် ခဲ့တာပါ။

ဒီလူသတ်မြှုဖစ်အပြီး ရခိုင်ပြည်နယ်အတွင်း မီးရှို့သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၁ သိန်းခွဲလောက် ဒုက္ခသည်ဖြစ်ခဲ့ကြရပါတယ်။ ကျန်တိုင်းနဲ့ ပြည်နယ်တချို့ကိုပါ ပုံစံတူအကြမ်းဖက်မှုတွေ ကူးစက်ခဲ့ပါတယ်။

အေးနိုင် | DVB



မှတ်ချက်များ