အမေရိကန်နိုင်ငံ Ohio ပြည်နယ်၊ Columbus မြို့က မိန်းမတစ်ဦးကို ဒေသခံရဲများနဲ့ ကလေးသူငယ်ဆိုင် ရာ စောင့်ရှောက်ရေးအဖွဲ့များက ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
သူမရဲ့မြေးဖြစ်သူကို အသားကင်ဗန်းထဲထည့်ကာ ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်ပ်ါတင်ခဲ့တာကြောင့်လို့ WBNS-TV က ဖော်ပြခဲ့ပါတယ်။
အခြားဓာတ်ပုံတစ်ပုံမှာလည်း ကလေးဖြစ်သူရဲ့ ပါးစပ်ကို တိပ်နဲ့ပတ်ထားခဲ့သေးတယ်လို့ဆိုပါတယ်။
သူမဟာ နောက်ပြောင်ရုံသက်သက် ပြုလုပ်တာဖြစ်တယ်လို့ WBNS-TV ကို ပြောကြားခဲ့ပေမဲ့ သူမရဲ့ ဖေ့စ် ဘုတ်သူငယ်ချင်းအချို့က ဒါကို ဟာသလို့မမြင်နိုင်ဘဲ အာဏာပိုင်တွေကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
phothutaw
မှတ်ချက်များ