၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့ နံနက် ၂ နာရီအ ချိန် ရှမ်းပြည်နယ်၊ ပင်လုံမြို့နယ်၊ ပင်လုံ-လဲချားကား လမ်း၊ မိုင်တိုင်အမှတ်(၀/၁၅-၁၆)ကြားတွင် လဲချားမှ ပင်လုံဘက်သို့ ပင်လုံမြို့၊ ရပ်ကွက်(၂)နေ ချစ်စိန် (၅၅)နှစ်မောင်းနှင်လာသည့် သရီးကရောင်းထော် လာဂျီယာဉ် တိမ်းမှောက်ခဲ့သည်။
ထိုသို့ တိမ်းမှောက်မှုကြောင့် ချစ်စိန်တွင် ယာ လက်ပြင်ပွန်းဒဏ်ရာနှင့် ယာဉ်ပေါ်တွင်လိုက်ပါ လာသော နေပြည်တော်၊ တပ်ကုန်းမြို့နေ ကျော်မွှေး (၃၀)နှစ်ပါ(၃)ဦး၌ လည်ပင်းရိုးကျိုး၊ ရင်ဘတ် ပွန်းပဲ့ဖူးရောင်၊ ၀မ်းဗိုက်ဖူးရောင်၊ ဦးခေါင်းကျေမွ ၊ နှာခေါင်းပေါက်ပြဲဒဏ်ရာများရရှိကာ အခင်းဖြစ် နေ ရာတွင်သေဆုံးသွားသောကြောင့် ချစ်စိန်အား ပင်လုံနယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄- က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မှတ်ချက်များ