ယူ ၁၂ ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ရန် တိုကျိုက မြန်မာကလေးငယ် ၂ ဦး ဂျာမနီကို ထွက်ခွာ


သတင်းဓာတ်ပုံ – ဇော်ဇော်လှိုင်
ဂျပန်နိုင်ငံရောက် မြန်မာမိသားစုတွေက မွေးဖွား လာတဲ့ မောင်ကောင်းဇံမြနဲ့ မောင်သက်ရင်မျိုးတို့ဟာ တိုကျိုယူ ၁၂ လက်ရွေးစင်ဘောလုံးအသင်းမှာ ဂိုးသမားတွေအဖြစ် ရွေး ချယ်ခံရပြီး ဂျာမနီနိုင်ငံမှာ ပြု လုပ်တဲ့ နိုင်ငံတကာ ယူ ၁၂ ဘော လုံးပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် ထွက်ခွာသွားကြပါပြီ။

တိုကျိုမြို့တော်မှာ ယူ၁၂ လက်ရွေးစင်အသင်းအတွက် ဂျပန်နိုင်ငံ တ၀ှမ်းက အသက် ၁၂ နှစ်အောက် လူငယ်အား ကစားသမား ၉၀၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံး အဆင့် ၂၁ ယောက် မှာ မောင်ကောင်းဇံမြနဲ့ မောင်သက်ရင် မျိုးတို့ ရွေး ချယ်ခံရတာပါ။

မောင်ကောင်းဇံမြရဲ့ဖခင်ဟာ မြန်မာ့လက်ရွေးစင် ဘော် လီဘော ကစားသမားဟောင်း တဦး ဖြစ်သ လို မောင်သက်ရင် မျိုးရဲ့ ဖခင်ဟာလည်း မြန်မာတင်းနစ် ချန်ပီယံဟောင်း တယောက် ဖြစ်ပါတယ်။ နိုင်ငံ တကာ ယူ ၁၂ ဘော လုံးပြိုင် ပွဲကို ဂျာမနီနိုင်ငံမြို့တော် ဘာလင်မှာ သြဂုတ် ၁ရက်နေ့က ၁၀ရက်နေ့အထိ ယှဉ်ပြိုင်ရမှာ ဖြစ်ပါ တယ်။


DVB


မှတ်ချက်များ