![]() |
| ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော နိုင်ငံတကာမှ ခရီးသွားများ (ဓာတ်ပုံ-ကြည်နိုင်) |
အဆိုပါ E-visa စနစ်သည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ကမ္ဘာလှည့်ခရီးသည်များသာ လျှောက် ထားနိုင်မည်ဖြစ်ပြီး အခြားစီးပွားရေး၊ လူမှုရေးကိစ္စများဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသည်များအ တွက် ပါဝင်ခြင်းမရှိသေးကြောင်း သိရသည်။
ယခု စတင်ခွင့်ပြုမည့် ကမ္ဘာလှည့်ခရီးသည်များအတွက် E-visa စနစ် အဆင်ပြေစွာ လည်ပတ်နိုင်ပြီးမှသာ အခြားစီးပွားရေးနှင့် လူမှုရေးဗီဇာများအား ထပ်မံခွင့်ပြုပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
ကမ္ဘာလှည့်ခရီးသည်များအတွက် ယခုခွင့်ပြုမည့် E-visa စနစ်သည် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် မိမိတို့နိုင်ငံမှ အွန်လိုင်းဖြင့် မြန်မာနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (လ.ဝ.က)၏ ဝက်ဆိုက်လိပ်စာသို့ ဗီဇာလျှောက်ထားရမည်ဖြစ်ကာ မြန်မာနိုင်ငံ (လ.ဝ.က) မှ အဆိုပါ ဗီဇာလျှောက်ထားသူထံသို့ ဗီဇာခွင့်ပြုချက်အား တစ်ပတ်အတွင်း ပြန်လည်ပေးပို့ပေးသွားမည်ဖြစ်သည်။
အဆိုပါ ခွင့်ပြုချက်အား Print ထုတ်၍ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံကူးလက် မှတ်နှင့်အတူ ပြသ၍ ဝင်ရောက်နိုင်မည်ဖြစ်သည်ဟု သိရသည်။
ဗီဇာသက်တမ်းမှာ စတင်ခွင့်ပြုချိန်မှ သုံးလအတွင်း မြန်မာနိုင်ငံသို့ တစ်ကြိမ်ဝင်ရောက်ခွင့် ရရှိမည်ဖြစ် ကာ မြန်မာနိုင်ငံတွင် နေထိုင်ခွင့်ရရှိမည့် ရက်ပေါင်းမှာ ၂၈ ရက်ဖြစ်သည်ဟု သိရသည်။ ဗီဇာကြေးကို လက် ရှိတွင် အမေရိကန်ဒေါ်လာ ၅ဝ ဟု ယာယီသတ်မှတ်ထားကြောင်း သိရသည်။
“စက်တင်ဘာ ၁ ရက်ကစပြီး ရန်ကုန်လေဆိပ် ဝင်ပေါက်တစ်ခုတည်းကနေပဲ နိုင်ငံစုံက ကမ္ဘာလှည့်ခရီး သည်တွေအတွက် E-visa ကို စတင်ခွင့်ပြုပေးသွားမှာပါ။ ခွင့်ပြုနိုင်ငံ ခွဲခြားသတ်မှတ်ထားတာ မရှိပါဘူး။ နိုင် ငံစုံက ခရီးသည်တွေအတွက် ဗီဇာသက်တမ်းက သုံးလဖြစ်ပြီး အဲဒီသတ်မှတ်ကာလ သုံးလအတွင်းမှာ တစ် ကြိမ်ဝင်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ နေထိုင်ခွင့်က ၂၈ ရက်ပါ။ ဗီဇာကြေးကတော့ အခုလောလော ဆယ် ဒေါ်လာ ၅ဝ သတ်မှတ်ထားပါတယ်။ ဗီဇာကြေး အပြောင်းလဲ ရှိကောင်းရှိနိုင်ပါတယ်” ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးအောင်သီဟက ပြောကြားသည်။
မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယခုစတင်ခွင့်ပြုမည့် E-visa စနစ်အား Myanmar Ease Net Co.ltd ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းကုမ္ပဏီမှ နည်းပညာပိုင်း အား ပံ့ပိုးကူညီပေးသွားမည်ဟု သတင်းရရှိသည်။
၂ဝ၁၂ ခုနှစ် ဇွန် ၁ ရက်တွင် ဒေသတွင်းနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံအား စီးပွားရေး ဆိုက်ရောက်ဗီဇာ စတင်ခွင့်ပြုခဲ့ပြီး ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဥရောပနိုင်ငံ အများစုပါဝင်သော ၂၂ နိုင်ငံအား စီးပွားရေး ဆိုက်ရောက်ဗီဇာ ထပ်မံခွင့်ပြုခဲ့သည်။
ရွှန်းလဲ့ဝင်း | 7day

မှတ်ချက်များ